NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်

 

နေပြည်တော်  ဩဂုတ်  ၉ 


NUG ၊ CRPH  တို့၏   လက်ဝေခံ PDF အမည်ခံ  အကြမ်းဖက်သမား များက     စစ်ကိုင်းတိုင်းဒေသကြီး အတွင်း    မြို့ရွာများမှ     မတရား အနိုင်ကျင့်     ဖမ်းဆီးချုပ်နှောင်ထား သော နိုင်ငံဝန်ထမ်းနှင့် ကျေးရွာသူ၊ ကျေးရွာသား   စုစုပေါင်း ၃၀ အား ယနေ့နံနက်ပိုင်းတွင်    လုံခြုံရေး တပ်ဖွဲ့ဝင်များက    ခင်ဦးမြို့နယ် ရွာသန်းကျေးရွာရှိ  နေအိမ်နှစ်လုံး အတွင်းမှ ကောင်းမွန်စွာ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း     သိရ သည်။


ဖမ်းဆီးခေါ်ဆောင်


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသ ကြီး   ရွှေဘိုမြို့နယ်   ဘုန်းကုန်း ကျေးရွာ၏ အနောက်ဘက် နှစ်မိုင် ခန့်အကွာ  လယ်ကွင်းများ၌  စပါး စိုက်ပျိုးနေကြသည့်     ဒေသခံ ပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ် နှင့် လှည်းများအား ဩဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင်     PDF အမည်ခံ   အကြမ်းဖက်သမားများ က   အတင်းအဓမ္မ    ဖမ်းဆီး ခေါ်ဆောင်သွားပြီး       အဆိုပါ ကျေးရွာသူ၊  ကျေးရွာသားများအား ငွေကြေးဖြင့်  လာရောက်ရွေးရန် အတင်းအဓမ္မ  ခြိမ်းခြောက်ခြင်း များ    လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများက   ဖမ်းဆီးခံ ကျေးရွာသူ၊   ကျေးရွားသားများ အား   ပြန်လည်ကယ်တင်ပေးရန် နယ်မြေခံတပ်သို့   လာရောက် အကူအညီတောင်းခံခဲ့သည်။


ထိုသို့  ဒေသခံပြည်သူများ၏ လာရောက်အကူအညီတောင်းခံ မှုအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်သတင်း     ဖော်ထုတ်၍ ယနေ့နံနက် ၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီအခြေပြု    နေထိုင်သည့် ခင်ဦးမြို့နယ်   ရွာသန်းကျေးရွာ သို့    ဝင်ရောက်စီးနင်း    ရှာဖွေ ကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ ရာ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားများ    ဖမ်းဆီး ထားသော   ဘုန်းကုန်းကျေးရွာ နှင့်   ပတ်ဝန်းကျင်ကျေးရွာများမှ အပြစ်မဲ့ဒေသခံပြည်သူ ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း တစ်ဦး  စုစုပေါင်း ၃၀ တို့အား   ကယ်ဆယ်နိုင်ခဲ့ပြီး PDF    အမည်ခံ   အကြမ်းဖက် သမားများထံမှ        လက်လုပ် စိန်ပြောင်း  သုံးလက်၊   လက်လုပ် ဗုံးသီး   ၄၂  လုံး၊   လက်လုပ်ရှော့တိုက် ဒုံး  ၁၂  လုံး၊    လက်လုပ်သေနတ် လေးလက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ သည်။


PDF အမည်ခံ   အကြမ်းဖက် သမားများ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည့် ကျေးရွာသူ၊ ကျေးရွာသား များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါသည်-


“ကျွန်တော်တို့  ၅-၈-၂၀၂၃ ရက်နေ့မှာ   PDF   အကြမ်းဖက် သမားများက    ကျွန်တော်တို့ တောင်သူတွေ၊ နွားကျောင်းသား တွေ၊     လယ်ယာလုပ်ကိုင်သူတွေ ကို လူ ၂၀ / ၂၅ လောက် ကျွန်တော် တို့ရွာရဲ့    အနောက်ဘက်မှာ  လာ ရောက်ပြီးတော့   ပျိုးနုတ်သမား များ ဖမ်းဆီးလာခဲ့တယ်။  နောက် နွားကျောင်းသားများ၊     ဆိတ် ကျောင်းသားများကိုလည်း ဖမ်းဆီး လာခဲ့တယ်။     ကျွန်တော်ဟာ ဦးပေါ်ဖြစ်သည့်အတွက် ကျွန်တော့် ငါးကန်နဲ့ ကျွန်တော် နွားအုပ်များ ကို       ကျောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့ရွာက      လူတွေကို လှည်းနွားက ၅ စီး၊   နွားထီး ၁၀ ကောင်ပေါ့ဗျာ။     အဲအချိန်မှာ သူတို့က မောင်းလာပြီး ကျွန်တော် က         ကြည့်လိုက်တဲ့အချိန်    ကျွန်တော်တို့ သားအဖနှစ်ယောက် ကိုပါ    လှည်းပေါ်တက်   မင်းတို့ ဆိုပြီး     သူတို့က   အကုန်လုံး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ခေါ်ဆောင်သွားတဲ့      အချိန်မှာ နွားတွေကို အတင်းရိုက်မောင်းခိုင်း ပြီး     လှည်းတွေပေါ်    ကျွန်တော် တို့တက်ခိုင်း၊   ကြိုးတုပ်   အဲလို လုပ်ခဲ့တဲ့အချိန်မှာ   ကျွန်တော်တို့ ဟိုဘက်ရောက်တဲ့        အချိန်မှာ ကျွန်တော်တို့တင်လားလို့    တွက် ကြည့်လိုက်တော့    အင်အားက လူတွေကို   ၂၁   ယောက်    ဖြစ် သွားတယ်။    ဟ . . .  ဒီလူတွေရော ငါတို့ရွာကပါလားလို့၊ အဲဒီအချိန် မှာ  ကျွန်တော်     နွားအုပ်ကလည်း အကုန်   ၇၀   နီးပါးလောက်ရှိပါ  တယ်။ အဲဒီအချိန်မှာ သိုး/ဆိတ် သမားက  အကောင် ၃၀၀ ကျော် ဖြစ်သွားတယ်။    ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ကို မျက်စိတွေ  ပဝါ တွေစည်း   လှည်းတွေနဲ့   အတင်း မောင်း၊ ကျွန်တော်တို့   သူတို့ဘက် နီးလာတဲ့အချိန်ကျမှ ကျွန်တော် တို့ မျက်စိတွေ ပဝါနဲ့စည်းပြီးတော့ ဘယ်ရွာဆိုတာ     အစတုန်းက ခေါ်သွားမှန်း  ကျွန်တော်တို့လည်း မသိခဲ့ဘူး။ ဟိုဆီရောက်တဲ့အချိန်မှာ ကျွန်တော်တို့ထားတဲ့  ရွာဘေးမှာ တိုက်တစ်တိုက်ထဲမှာ  ထည့်လိုက် တဲ့အချိန်မှာ     ကျွန်တော်တို့က အဲအချိန်မှာ     ပဝါတွေကိုဖွင့်တဲ့ အချိန်မှာ မျက်စိတွေက တစ်နာရီ နှစ်နာရီထက်မက    ပိတ်ထားတဲ့ အချိန်မှာ ကျွန်တော်တို့ ပြာနေတဲ့ အချိန်မှာ  မသိဘူး။   နောက်ကျမှ ဘယ်သူဘယ်ဝါကြည့်လိုက်တော့ ဒါတွေလည်း    ငါ့ရွာကပါလား။  အဲ့ချိန်မှာ သူတို့က PDF အကြမ်း ဖက်တွေကနေပြီးတော့ ခင်ဗျားတို့ ထွက်မပြေးနဲ့   ထွက်ပြေးလိုက်ရင် ခင်ဗျားတို့      အကုန်ပစ်သတ်မှာ ခင်ဗျားတို့ လမ်းကတည်းက သူတို့ က ကြိမ်းခဲ့တယ်။ ကြိမ်းခဲ့တဲ့အချိန် မှာ ဪကိုယ်ကတော့   မိသွားပြီ ဆိုတော့    ကျွန်တော်တို့ကတော့ ငါတို့ကတော့ သေလူပဲ။   ဒီအချိန် မှာ သူတို့သတ်ရင် သေရမှာဆိုတဲ့ အတွေးနဲ့ သူတို့ကို ကျွန်တော်တို့ က ပြန်မပြောဘဲ   ဒီအတိုင်းပဲနေခဲ့ ရတယ်။   နေတဲ့အချိန်မှာ     အဲဒီ အချိန်ကျမှ   ဒီတစ်ယောက်ချင်းကို ခင်ဗျားတို့ထွက်ပြေး၊ တစ်ယောက် ချင်းထွက်ပြေးခိုင်းတယ်။  မပြေးရဲ ဘူး၊ ကျွန်တော်တို့လည်း ဒီလူတွေ ဟာ သေအတူ ရှင်အတူ နေမယ်ဆို ပြီး ကျွန်တော်တို့လည်း    နေခဲ့ တယ်။  နေခဲ့တဲ့အချိန်မှာ ကျွန်တော် တို့   ကြားဖူးနားဝရှိထားတယ်။ မင်းတို့၊ ခင်ဗျားတို့   ပိုက်ဆံပေး။ ခင်ဗျားတို့ပြန်ချင်ရင်    ပိုက်ဆံနဲ့ ရွေးခိုင်းရမယ်။     အဲဒီအချိန်မှာ ကျွန်တော်တို့က   ပိုက်ဆံနဲ့လည်း ရွေးစရာမရှိတော့ဘူး။     နွားတွေ ဘာတွေကလည်း  ပါနေတဲ့အချိန် မှာ  ကျွန်တော်တို့က  အဲဒီပိုက်ဆံ ရွေးခိုင်းတဲ့အချိန်  ဘေးမှာလည်း ကြားထားတယ်။   တစ်ရွာတွေက မိလာတဲ့လူတွေကို  PDF အကြမ်း ဖက်တွေကနေပြီးမှ      ပိုက်ဆံ တောင်းတယ်။  ပိုက်ဆံမပေးရင် သတ်ပစ်တယ်။       သတ်ပစ်တဲ့ အပြင်     ဘာတွေလုပ်လဲဆိုရင် ကျွန်တော်တို့က      ကြားထားတာ မူးချောင်းထဲမှာ      ရေမျှောတယ်၊ ဇက်ဖြတ်တယ်။    ကျွန်တော်တို့ ကိုယ်တွေ့ကို           မြင်နေရတာ ကန်တော်အတွင်းထဲမှာ     တွေ့ တယ်။          တွေ့နေတဲ့အချိန်မှာ ကျွန်တော်တို့က         မပြောရဲတဲ့ အတွက် ကျွန်တော်တို့က ဒီအတိုင်း ပဲနေလိုက်တယ်။     အဲအချိန်မှာ ကျွန်တော်တို့လို ဘေးရွာကလည်း ချုပ်နှောင်ထားတဲ့သူ   အဲအထဲမှာ ရှိပါတယ်။ ရှိတဲ့အချိန် ကျွန်တော် တို့ လူ ၂၁ ယောက်က အခုချိန်မှာ ၉ ရက် ၈ လ ၂၀၂၃ ချိန်မှာ  ခု   ၅ နာရီလောက်မှာ  သေနတ်သံတွေ ကကြားရော   ကြားတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း  ဝပ်နေရ တယ်။        ဝပ်နေတဲ့အချိန်မှာ ကျွန်တော်တို့     လူတစ်ယောက် က        ကျွန်တော်တို့ရွာသား တစ်ယောက်က    ပျောက်သွား။ ပျောက်တဲ့အချိန်မှာ       နောက် ကျွန်တော်တို့က   ကြည့်လိုက်တဲ့ အချိန်မှာ       ဟ . . .  ဒီဟာတော့ ကယ်ဆယ်ရေးတွေ   လာတာပဲ။ ဟေ့ကောင်တွေ ထွက်ခဲ့ မင်းတို့ကို ငါတို့လာကယ်တယ်    မင်းတို့ကို ဘာလုပ်မယ့်သူမဟုတ်ဘူး ညာလုပ် မယ့်သူမဟုတ်ဘူး၊      ဆိုတော့ ကျွန်တော်    ပြည်သူ့တပ်မတော် သားတွေကို      အထူးပဲ      ကျေးဇူး တင်တယ်။       ကျွန်တော်တို့က ကျွန်တော်တို့ကို  ဒီလိုအသက်ရှင် စွာနဲ့   ကယ်ထုတ်ခဲ့တဲ့အတွက်    ကျွန်တော်   နိုင်ငံတော်ကာကွယ်     စောင့်ရှောက်နေတဲ့      ပြည်သူ့    တပ်မတော်သားများနဲ့ ကျွန်တော်  အကုန်ဝမ်းသာလွန်းလို့ အခုချိန်ထိ         အသက်ရှင်ရှင်နဲ့     ကျွန်တော်‌  ရောက်လာတဲ့အတွက် ကျွန်တော် အထူးပဲ   ဝမ်းလည်းသာပါတယ်။    ဝမ်းလည်းနည်းတယ်။  ကျွန်တော့် ရွာသားတွေကို  ဒီလိုလုပ်နေတဲ့ အတွက် ကျွန်တော် ခံစားရလွန်း လို့  ကျွန်တော်ရင်ဖွင့်တာပါဗျာ။ ကျွန်တော် ဒါပါပဲဗျာ။


အကြမ်းဖက်     သမားများ အနေဖြင့်  ယခုကဲ့သို့  ရိုးသားစွာ နေထိုင်   လုပ်ကိုင်စားသောက် လျက်ရှိသော အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသားများကို အတင်းချုပ် နှောင်ဖမ်းဆီးခြင်း၊ နိုင်ငံဝန်ထမ်း များကို အကျပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည်  ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့်  အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ် မှု   (War Crime)   ကျူးလွန်ရာ ရောက်ပြီး   အဆိုပါ  စစ်ရာဇဝတ် မှုများအတွက်    အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ် ကြီးနှင့်  သက်ဆိုင်ရာ   တည်ဆဲ ဥပဒေများဖြင့်   ၎င်းတို့အပေါ် ထိရောက်စွာ     အရေးယူနိုင်ရေး လုံခြုံရေး      တပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင် ရွက်မှု     (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့်    အများပြည်သူများ အနေဖြင့်    အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုသတင်းများရရှိက လုံခြုံ ရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက် စွာ     သတင်းပေးတိုင်ကြားရန် အသိပေးထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။      

သတင်းစဉ်