နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

 

နေပြည်တော်    ဩဂုတ်   ၉
နေပြည်တော်ကောင်စီ   နယ်မြေ အတွင်း   နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများနှင့်     စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းကို     ယနေ့ နံနက်ပိုင်းက      နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ     ဦးသန်းထွန်းဦး၊   နေပြည် တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှ     တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ     နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့စီးပွား  မြှင့်တင်ရေးအတွက် စိုက်ဧကတိုးချဲ့ရေး၊     သီးထပ် စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး နေပြည်တော်အတွင်း ဖူလုံအောင်စားသုံးနိုင်ရေး နိုင်ငံ့ စီးပွား မြှင့်တင်ရေးရန်ပုံငွေအပြင် ကိုယ်ပိုင်ဝင်ငွေဖြင့်     မြှင့်တင်နိုင် ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုမိုးစပါး     စိုက်ပျိုးရာသီတွင် ယခင်နှစ်စိုက်ပျိုးခဲ့သည့် စိုက်ဧက ထက်  လျော့မသွားဘဲ  လျာထား ချက်ပြည့်မီအောင်     စိုက်ပျိုးရန် လိုအပ်ကြောင်း၊    မိုးစပါးအပြီး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊   နေကြာသီးနှံများနှင့်   ပဲ အမျိုးမျိုးကို ဒေသနှင့်ကိုက်ညီပြီး ဖြစ်ထွန်းနိုင်သည့်   အနေအထား ပေါ်မူတည်၍      စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊     မြေအားလုံးကို အသုံးချပြီး တစ်နှစ် သုံးသီး မဖြစ် မနေစိုက်ပျိုးရန် နိုင်ငံတော်အကြီး အကဲက         လမ်းညွှန်ထားသည့် အတွက်  စိုက်ပျိုးရေးကဏ္ဍတွင် တစ်နှစ်  သုံးသီး  စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ပူးပေါင်းဆောင် ရွက်သွားစေလိုကြောင်း၊     နိုင်ငံ့ စီးပွားမြှင့်တင်ရေး      ရန်ပုံငွေ ထူထောင်ပြီး ဆောင်ရွက်ခြင်းဖြစ် သည့်အတွက်    လာမည့်မိုးစပါး ရာသီတွင် စိုက်ပျိုးစရိတ် အထိုက် အလျောက် အထောက်အကူဖြစ် စေရန်အတွက်    သွင်းအားစုများ ပေးအပ်သွားမည်   ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီ အတွင်းရေးမှူး ဦးတင် မောင်ဆွေက ပြည်ထောင်စုနယ်မြေ    နေပြည်တော်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု    အခြေအနေများနှင့် ဆောင်ရွက်သွားမည့် အခြေအနေ များကို        ရှင်းလင်းတင်ပြသည်။   ထို့နောက်   အခမ်းအနား   တက် ရောက်လာကြသည့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့်    ဌာန ဆိုင်ရာ တာဝန်ရှိသူများက  မိမိတို့  လုပ်ဆောင်နေသည့်      လုပ်ငန်း ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။ 
ထို့နောက်        နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြ ချက်များအပေါ်         ပြန်လည် ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး လိုအပ် သည်များကို  မှာကြားခဲ့ကြောင်း သိရသည်။ 
 မျိုးသီဟ(ပြန်/ဆက်)