တိမ်ပင်လယ်တွေစုဝေးရာအရပ် သို့မဟုတ် အပန်းဖြေစခန်းများစွာ စုစည်းရာ ရေယောင်းမ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း

 

ယဉ်လာဒ်

ကလောနဲ့ ရေယောင်းမကျေးရွာဆိုတာ စွယ်တော်ရွက်လေးတစ်ရွက်လိုပါပဲ။ ခွဲခြားလို့ မရပါဘူး။ ကလောမြို့ရဲ့ ပတ်ဝန်းကျင်တောတောင်သဘာဝရှုခင်းတွေဟာ လှပလွန်းပြီး ထင်းရှူးရနံ့တွေနဲ့ ပနံသင့်အေးမြတဲ့ တောင်ပေါ်မြို့လေးဖြစ်သလို အလှတရားတွေ စုဝေးရာနေရာလို့ တင်စားရတဲ့ ရေယောင်းမကျေးရွာကလည်း  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ရှင်တွေနဲ့ ခရီးသွားလည်ပတ်နေသူတွေကြားမှာ စိတ်ဝင်စားခြင်းကို အသိအမှတ်ပြု ရရှိနေပြီလို့ ဆိုရပါမယ်။ 
သဘာဝကိုမှီခိုပြီး      ဓာတ်ပုံရှုခင်း ကြည့်ကွက်    အပန်းဖြေစခန်း ငါးခုစလုံး တည်ရှိနေတာကတော့    ရေယောင်းမ သို့မဟုတ်  ရွှေယောင်းမကျေးရွာရဲ့ ထူးခြား မှုတစ်ခုလို့ ဆိုရပါမယ်။ စိတ်ဝင်စားစရာ ကောင်းလှတဲ့   နောက်ခံသမိုင်းကြောင်းတွေ နဲ့တည်ရှိတဲ့   ကျေးရွာလည်း    ဖြစ်ပါတယ်။  ဟိုးယခင်ကာလတွေတုန်းက  ရွှေယောင်းမ လို့ အမည်နာမရှိခဲ့ပေမယ့်     ကာလရွေ့လျား လာပြီး အခုဆိုရင် ရေယောင်းမလို့ ခေါ်တွင် လာခဲ့တာဖြစ်ပါတယ်။
ရေယောင်းမကျေးရွာရဲ့     အနာဂတ် အတွက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT )အဖြစ်      ရှမ်းပြည်နယ်အစိုးရက  ဖော်ဆောင်ပေးနေပါပြီ။     ရေယောင်းမ ကျေးရွာဟာ   ကလောခရိုင်   ဝက်ဖြူရေ ကျေးရွာအုပ်စုမှာ   တည်ရှိပါတယ်။ မိုင်တိုင် ၆၃ မိုင်နဲ့ ၅ ဖာလုံကနေ    ဝင်လာရင် ရေယောင်းမ CBT ကျေးရွာကို မြင်တွေ့ရမှာ ဖြစ်ပြီး အခုဆိုရင်   ခရီးသွားဧည့်သည်တွေ ညအိပ်တည်းခို  နားနေနိုင်ရန်     အဆောက် အအုံတွေအပါအဝင်    ကားပါကင်သာမက စားသောက်ဆိုင်နဲ့      ဓာတ်ပုံရှုခင်းတွေ ရိုက်ကူးနိုင်တဲ့ နေရာတွေကိုလည်း ဖန်တီး ပေးသွားမှာဖြစ်ပါတယ်။   လက်ရှိမှာတော့ ဧည့်ဆောင်လုံးချင်းအိမ်တွေကို    ဆောက် လုပ်ပြီးသွားပြီ ဖြစ်ပေမယ့် ထပ်မံထည့်သွင်း သွားရမှာတွေ    ရှိတယ်လို့    ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဆိုပါ တယ်။ 
အစိုးရပိုင်းအနေနဲ့    အဆောက်အအုံ ဆောက်တာနဲ့ ရေ၊ မီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားတာ     ဖြစ်ပါတယ်။ “ရေယောင်းမ CBT က အလွန်    အကွက် အကွင်းကျတဲ့နေရာပါ။    အဲဒီနေရာကနေ နန့်ပန်တက်ကနေ         တက်လာတဲ့  ကားလမ်းကြောင်း      အကွေ့အကောက်      View ကို    မြင်တွေ့ရစေပါတယ် ”   လို့   ညွှန်ကြားရေးမှူးက ဆက်ပြောပါတယ်။ ခရီးသွားလုပ်ငန်းတွေကို   အရှိန်အဟုန် မြင့်စေဖို့အတွက်     ရှမ်းပြည်နယ်တစ်ခု လုံးမှာ CBT  ၁၀  နေရာကို   ဖော်ဆောင်ဖို့  လျာထားခဲ့ပေမယ့်        ရှစ်နေရာကိုပဲ  ဖော်ဆောင်ခဲ့ပါတယ်။     ဒီရှစ်နေရာထဲကမှ     ကလောခရိုင်          ကလောမြို့နယ်ရဲ့   ပထမဆုံး   CBT က    ရေယောင်းမ CBT ကျေးရွာလေးပဲ    ဖြစ်ပါတယ်။  ကျေးရွာ တစ်ရွာကို   သိန်း ၁၀၀၀ စီ    ချပေးပြီး      အကောင်အထည်ဖော်နေတာ ဖြစ်ကြောင်း လည်း    ညွှန်ကြားရေးမှူးက ဆိုပါတယ်။ 
ကလောမြို့အနီးက   ရေယောင်းမရွာ ရပ်ရွာအခြေပြု    ခရီးသွားလုပ်ငန်းဟာ ဓာတ်ပုံရှုခင်းနဲ့ အပန်းဖြေစခန်း  အများဆုံး တည်ရှိရာနေရာလို့တောင်     ဆိုရပါတယ်။ လက်ရှိမှာတော့     ရှုခင်းသာ   အပန်းဖြေ စခန်း၊    သီရိစန္ဒာ   အပန်းဖြေစခန်း၊ ရေယောင်းမ  View    point ၊ Village Shan State View  Point ၊ ရှန်ဘာလာ View Point ဆိုတဲ့ အစဉ်အလိုက်  အပန်း ဖြေစခန်းငါးခု  ရှိနေပါပြီ။
“အခုဖော်ဆောင်တဲ့  CBT  ကျေးရွာ က   အလွန်လှတဲ့နေရာမှာ    ဖော်ဆောင် နေတာပါ။ အဲဒီကနေ   တိမ်ပင်လယ်ကို အစုလိုက်       မြင်တွေ့ရစေပါတယ်။ ကျွန်တော်တို့  အပန်းဖြေစခန်းကတော့ ရေယောင်းမရွာအဝင်       ဝင်ဝင်ချင်း နှစ်ဖာလုံလောက်ဆိုရင်  ရောက်ပါတယ်။   ဒါ့အပြင်     ငါးမိုင်အကွာမှာ      ဝက်ဖြူ ရေတံခွန်လို့ အမည်ပေးထားတဲ့ ရေတံခွန် လည်းရှိပါသေးတယ်။ မိုးတွင်းမို့  လူလာ နည်းပေမယ့်     ပွင့်လင်းရာသီတွေမှာ ဓာတ်ပုံလာရိုက်ကြတဲ့သူတွေ  လာကြပါ တယ်”လို့     သီရိစန္ဒာ    အပန်းဖြေစခန်း ပိုင်ရှင်က  စာရေးသူကို   ပြောပြပါတယ်။ လက်ရှိမှာတော့     အပန်းဖြေစခန်း ဝင်ကြေးအဖြစ်   လူတစ်ဦးလျှင် ကျပ် ၁၀၀၀ ကောက်ခံပြီး   ပွင့်လင်းရာသီနဲ့ အခါကြီးရက်ကြီးတွေမှာသာ  ဧည့်သည် ဝင်ရောက် လည်ပတ်လေ့ရှိကြပါတယ်။
ဝက်ဖြူရေကျေးရွာအုပ်စု     အုပ်ချုပ် ရေးမှူးကတော့ “ရေယောင်းမကျေးရွာကို ပိုမိုဖွံ့ဖြိုးစေပြီး    ခရီးသွားလုပ်ငန်းက ရလာတဲ့ အသီးအပွင့်တွေကို    ဒေသခံ တွေကို ခံစားစေချင်တဲ့    ရည်ရွယ်ချက်နဲ့ ရေယောင်းမရွာမှာ   အခုလို    CBT ဖော်ဆောင်ခဲ့တာ     ဖြစ်ပါတယ်။  CBT ကျေးရွာအဖြစ်   ဖော်ဆောင်ပေးတာမို့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း တွေ ရရှိစေမယ်။  ဒါ့အပြင်  လာရောက် လည်ပတ်ကြတဲ့   ခရီးသွားဧည့်သည်တွေ အတွက်လည်း ညအိပ်ညနေ နားနေနိုင် တော့မှာ ဖြစ်တာမို့ ဝမ်းသာပါတယ်”လို့   ပြောပါတယ်။ 
ကလောမြို့လေးဟာ      ခရီးသွား မြို့တော်ဖြစ်သလို    စွယ်တော်တစ်ရွက် လိုဖြစ်နေတဲ့  ရေယောင်းမကျေးရွာရဲ့ သာယာလှပတဲ့      သဘာဝတောတောင် ရှုခင်းများနဲ့ ပနံသင့်စွာလှပပြီး    ဓာတ်ပုံ ရှုခင်းကြည့်ကွက်တွေနဲ့ ဆွဲဆောင်နိုင်တဲ့ ရေယောင်းမရွာရဲ့    အနာဂတ်ခရီးသွား လုပ်ငန်းဟာ        ခရီးသွားဧည့်သည်တွေ  စိတ်ဝင်စားလာမယ့်    နေရာတစ်ခုဖြစ်လာ မှာ အသေအချာပဲ   ဖြစ်ပါတော့တယ်။    ။