လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၂
အမျိုးသားအဆင့်  လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ  တင်သွင်းလာ‌သော လျှပ်စစ်သုံး ယာဉ် အားသွင်းစက် (EV Charger, 7 KW) ၂၃ ခုနှင့် (EV Charger, 11 KW) ၂၈ ခု စုစုပေါင်း လျှပ်စစ်သုံးယာဉ်အားသွင်းစက် ၅၁ ခုသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်း မှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။    
သတင်းစဉ်