ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၂


တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန၏   ဖိတ် ကြားချက်အရ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့  လေ့လာရေးခရီး သွားရောက်ခဲ့သော  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်   ပြန်လည် ရောက်ရှိရာ   ရန်ကုန်တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌ ကြိုဆိုကြသည်။


လေ့လာရေးခရီးစဉ်အတွင်း ပြည်ထောင်စု    ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်    ဦးမြင့်သိန်း ဦးဆောင်သော    ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့်      တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပန်းဆက်သွယ် ရေး  ကောင်းမွန်အောင်  ဆောင် ရွက်နေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက်   အခြေခံစိုက်ပျိုးရေး လုပ်ငန်းများ      တိုးတက်အောင် ဆောင်ရွက်နေမှု၊      ဆင်းရဲမှု ပပျောက်ရေးအတွက်   ရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့်   ယဉ်ကျေးမှုအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေမှု၊      ခရီးသွား လုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   အရှေ့ပိုင်းဒေသ ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှုများ နှင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တရုတ်ပုံစံခေတ်မီမူဝါဒများ ချမှတ်၍   အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို   ကြည့်ရှု လေ့လာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                

သတင်းစဉ်