အင်အားပြင်းထန်သော မုန်တိုင်း ဂျပန်နိုင်ငံတောင်ပိုင်းသို့ ဝင်မည်

 

တိုကျို  သြဂုတ်  ၁ 


အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း တစ်ခုသည်   ဂျပန်နိုင်ငံတောင်ပိုင်း   အိုကီနာဝါခရိုင် သို့   ချဉ်းကပ်လာနေပြီဖြစ်ကြောင်းနှင့်    လေပြင်း တိုက်ခတ်ခြင်းများ၊ မုန်တိုင်းဒီရေများနှင့် လှိုင်းကြီး ခြင်းများကို  သတိထားကြရန်   ပြည်သူများကို သက်ဆိုင်ရာအာဏာပိုင်များက   တိုက်တွန်းထား သည်။ 


သြဂုတ် ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမှ စကာ တိုင်ဖွန်းမုန်တိုင်းခါနွန်သည်   ခရိုင်မြို့တော် နာဟာစီးတီး၏ တောင်-အရှေ့တောင်ဘက် ကီလို မီတာ ၁၃၀ အကွာပင်လယ်ပြင်တွင်  ရှိနေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက  ပြောသည်။

  အဆိုပါ မုန်တိုင်းသည်   တစ်နာရီလျှင်   လေတိုက်နှုန်း ၁၅ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားလျက်ရှိသည်။ 


မုန်တိုင်း၏         အလယ်ဗဟိုချက်အနီးတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၀ ကီလိုမီတာ အထိ ရှိကြောင်းနှင့် အလယ်ဗဟိုတွင် ၂၅၂ ကီလို မီတာအထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။ 


တိုင်ဖွန်း ခါနွန်သည် ဆက်လက်အင်အားကောင်း လျက်ရှိကာ   သြဂုတ်  ၁   ရက်မှ  ၂   ရက်အတွင်း အိုကီနာဝါသို့ အလွန်နီးကပ်စွာ ဝင်ရောက်တိုက်ခတ် မည်ဖြစ်သည်။ 


အိုကီနာဝါဒေသ၌  အင်္ဂါနေ့တွင်   အများဆုံး လေတိုက်နှုန်းမှာ  တစ်နာရီလျှင် ၁၄၄ ကီလိုမီတာ အထိရှိပြီး    အမာမီဒေသတွင်    ၉၀   ကီလိုမီတာ အထိရှိသည်။ အိုကီနာဝါ၌    မုန်တိုင်းအလယ်ဗဟို လေတိုက်နှုန်းမှာ  တစ်နာရီလျှင် ၂၁၆ ကီလိုမီတာ နှင့်    အမာမီကျွန်း၌    ၁၂၆    ကီလိုမီတာအထိရှိ သည်။  


သြဂုတ်  ၂ ရက်တွင် အိုကီနာဝါဒေသ၌ မုန်တိုင်း အလယ်ဗဟိုလေတိုက်နှုန်းမှာ  တစ်နာရီလျှင် ၂၃၄  ကီလိုမီတာရှိမည်။      လေပြင်းတိုက်ခတ်မှုများကြောင့် အိမ်အချို့ ပျက်စီးနိုင်ကြောင်း မိုးလေဝသအရာရှိ များက ဖော်ပြထားသည်။ 
မုန်တိုင်းကြောင့်     အိုကီနာဝါတွင်   မိုးကြိုး ပစ်ခြင်းများနှင့်     ရေကြီးခြင်းများ      ဖြစ်ပေါ်နိုင် သည်။


 အင်န်အိတ်ခ်ျကေ