
ပေကျင်း ဩဂုတ် ၁
တရုတ်နိုင်ငံ ဒေသအများအပြား၌ ဇူလိုင် ၂၉ ရက် ကတည်းက စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားသောကြောင့် ပေကျင်းနှင့် အနီးဝန်းကျင်ရှိ ဒေသများ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင် တရုတ်ဗဟိုရုပ်သံ၏ ဖော်ပြမှုအရ မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ပေကျင်းနှင့် ဟီဘေးပြည်နယ်တို့တွင် လူ ၂၀ သေဆုံး ပြီး ၁၉ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ ဒေသ တွင်းရှိ လူပေါင်း ၆၀၀၀၀၀ နီးပါး ရေဘေးသင့်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း တစ်သန်းဝန်းကျင်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာပိုင်များကို ဩဂုတ် ၁ ရက်တွင် ညွှန်ကြားခဲ့သည်။ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ သည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပေကျင်းတွင် မိုးရွာသွန်းမှု လျော့နည်းသွားဖွယ် ရှိသော်လည်း နိုင်ငံမြောက်ပိုင်းနှင့် ကုန်းတွင်းပိုင်း ဒေသများတွင် ဆက်လက်မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း တရုတ်မိုးလေဝသတာဝန်ရှိသူများက ပြောသည်။
အင်န်အိတ်ချ်ကေ