Continental Futsal Championship 2023 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကစားသမား ၁၈ ဦး ရွေးချယ်

 

ရန်ကုန်  ဇူလိုင်    ၂၉
မြန်မာ့လက်ရွေးစင်    ဖူဆယ် အသင်းသည်   ထိုင်းနိုင်ငံတွင် ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲ အတွက် အပြီးသတ်ကစားသမား ၁၈ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အာရှဖလား ဖူဆယ် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေသည့်    ပဏာမကစားသမား  ၂၄  ဦးအနက် ၁၈ ဦး   ရွေးချယ်ခဲ့ ခြင်းဖြစ်သည်။    Continental  Futsal  Championship  2023  ပြိုင်ပွဲတွင်  မြန်မာအသင်းသည် အုပ်စု(ခ)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစု အသင်းတို့နှင့် ကျရောက်နေသည်။
Continental     Futsal Championship   2023  ပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဩဂုတ် ၇ ရက်တွင် ထိုင်း အသင်း၊    ဩဂုတ်  ၈ ရက်တွင် ဆော်လမွန်ကျွန်းစု    အသင်းနှင့်  ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲ     ယှဉ်ပြိုင်မည့်  မြန်မာ့လက်ရွေးစင်    ဖူဆယ် အသင်းတွင် ဂိုးသမားများအဖြစ် ကျော်ထက်အောင်၊     ဇွဲပြည့်စုံ၊ ညီညီသန့်၊ ကစားသမားများအဖြစ် မျိုးမြင့်စိုး၊   မင်းခန့်၊   ရှိုင်းထက် အောင်၊ လပိုင်ဇော်လွန်း၊ ဝေဇင်ဦး၊ ညိမ်းမင်းစိုး၊       ထွဋ်ဝေထွန်း၊  မျိုးသက်အောင်၊     ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ လှိုင်မင်းထွန်း၊ ကိုရဇ္ဇ၊ သက်နောင်၊ ဇော်ဖြိုးဦးတို့ ပါဝင်သည်။ 
ရဲရင့်လွင်
ဓာတ်ပုံ-MFF