
နယူးဒေလီ ဇူလိုင် ၂၂
အိန္ဒိယနိုင်ငံအနောက်ပိုင်း ပြည်နယ်ဖြစ်သည့် မဟာရက်ရှ်ထရာရှိ ကျေးရွာတစ်ရွာ၌ မြေပြိုမှု ကြောင့် သေဆုံးသူဦးရေမှာ၂၂ ဦးအထိ ရှိလာပြီဖြစ် သည်။ ဇူလိုင်၂၁ ရက်က အပျက်အစီးများအောက်တွင် လူသေလောင်း ခြောက်လောင်း ထပ်မံတွေ့ရှိ ပြီးနောက် သေဆုံးသူဦးရေ တိုးလာခြင်းဖြစ် သည်။
ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်လိုက် သည်။ သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့မှ အဖွဲ့လေးဖွဲ့ သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။ အပျက်အစီးများ အောက် ရောက်နေသူများကို ကယ်တင်ရန် ရွာသား များက မြေတူးရာတွင် အကူအညီပေးခဲ့ကြသည်။ အာရှယ်ဝါဒီကျေးရွာတွင် သဘာဝဘေးကြောင့် လူပေါင်း ၁၀၀ နီးပါး ပျောက်ဆုံးခဲ့သည်။
မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် ရာသီဥတု ဆိုးရွားခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ တွင် အနှောင့်အယှက်အဟန့်အတားများ ဖြစ်ပေါ် ခဲ့ရသည်။ ရာသီဥတုဆိုးရွားသည့်အတွက် မြေပြို သည့်နေရာများတွင် စက်ယန္တရားကြီးများကိုလည်း အသုံးပြုမရဘဲ ဖြစ်နေခဲ့သည်။ မြေပြိုမှုဖြစ်ပွား သည့် ဇူလိုင် ၁၉ ရက် ညပိုင်းက ကျေးရွာအတွင်း လူပေါင်း ၂၁၀ ဝန်းကျင်ရှိပြီး ၇၀ ဝန်းကျင်ကို ဒဏ်ရာမရဘဲ ကယ်တင်နိုင်ခဲ့သည်။ ၂၁ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။
ဆင်ဟွာ