
ဂျကာတာ ဇူလိုင် ၂၂
လာမည့်လအတွင်း ကျင်းပမည့် အက်ဖ်အိုင်ဘီအေ ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲကို ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အင်ဒိုနီးရှားနိုင်ငံက အဆင်သင့် ဖြစ်နေပြီဟု သိရသည်။ အဆိုပါ ပြိုင်ပွဲကို ပရိသတ် ၁၆၀၀၀ ဆံ့ သည့် အားကစားရုံကြီးအတွင်း ကျင်းပသွားမည်ဟု အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။
အဆိုပါပြိုင်ပွဲကို သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၁၀ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဂျပန်နှင့် ဖိလစ်ပိုင် တို့က ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ် သွားမည်ဖြစ်ရာ ၃၂ သင်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ဂျကာတာ ရှိ ဂလိုရာဘန်းကာနို အာကစား ကျေးရွာရှိ အားကစားရုံကြီး၌ ပြိုင်ပွဲကျင်းပသွားမည် ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် အပြည် ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲ ကြီးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်သည်ကို ကမ္ဘာကို ပြသနိုင်မည်ဟု အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများမှ ဝန်ကြီး ဖြစ်သူ အီရစ်သိုဟီက ပြောသည်။
ဂျပန်၊ ဖိလစ်ပိုင်တို့နှင့် ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပရခြင်းဖြစ် သော်လည်း ရှားပါးသည့် အခွင့် အရေးဖြစ်ကြောင်း ၎င်းကပြော သည်။ အက်ဖ်အိုင်ဘီအေပြိုင်ပွဲ သည် အိုလံပစ်ပြိုင်ပွဲနှင့် ယှဉ်နိုင် သည့် ပြိုင်ပွဲကြီးဖြစ်ပြီး အင်ဒို နီးရှားနိုင်ငံအပေါ် ကမ္ဘာ၏ အာရုံစူးစိုက်မှုကို ရရှိလိမ့်မည် ဟုလည်း ၎င်းကပြောသည်။
ဆင်ဟွာ