ဆင်းသုခ မျိုးစေ့ထုတ်စံပြစိုက်ခင်း စုပေါင်းစိုက်ပျိုးပွဲနှင့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများထောက်ပံ့

 

ဘားအံ    ဇူလိုင်   ၂၂


ကရင်ပြည်နယ်အတွင်း မျိုးကောင်း မျိုးသန့်   လွှမ်းခြုံစိုက်ပျိုးနိုင်ရန် ယခုနှစ်တွင် မျိုးစေ့ထုတ်စိုက်ခင်း ဧက (၁၀၀၀) ကျော် စိုက်ပျိုးရန် ဆင်းသုခ မျိုးစေ့ထုတ်စံပြစိုက်ခင်း စုပေါင်းစိုက်ပျိုးပွဲနှင့်    မြေဩဇာ များ  ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားကို   ဇူလိုင် ၂၂ ရက်   နံနက် ၈ နာရီခန့်က     ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ   ကွင်းအမှတ် ၁၁၂၃-က၊ ဦးမောင်လွင်ပါ သုံးဦး ၏ လယ် ၁၀ ဧက၌ ကျင်းပသည်။
မြေဩဇာများ    ထောက်ပံ့ ပေးအပ်သည့်  အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက စားရေရိက္ခာဖူလုံရေးနှင့် ပြည်တွင်းစီးပွား မြှင့်တင်နိုင်ရေး အတွက် လယ်ယာထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရန် အထွက် ကောင်း     မျိုးကောင်းမျိုးသန့် များကို   ရွေးချယ်စိုက်ပျိုးကြရန် တောင်သူဦးကြီးများကို တိုက်တွန်း နှိုးဆော်လိုကြောင်း၊ မျိုးစေ့ထုတ် လုပ်ငန်းစဉ်တိုင်းကို     လိုက်နာ ကျင့်သုံးနိုင်မှသာ အရည်အသွေး ကောင်း မျိုးသန့်များကို ထုတ်လုပ် လာနိုင်မည်ဖြစ်သည့်အပြင်   မျိုး အဖြစ်     ပြန်လည်ရောင်းခြင်းမှ အကျိုးအမြတ်များ ပိုမိုရရှိကြမည် ဖြစ်ကြောင်း၊ မြေဆီလွှာအာဟာရ ဖြည့်တင်းခြင်း    လုပ်ငန်းများကို အချိန်မီလုပ်ကိုင်ကြရန်   လိုအပ် သကဲ့သို့     သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို    အချိုး ကျကျ    တွဲဖက်သုံးစွဲတတ်ရန်လို ကြောင်း၊ ထိုသို့တွဲဖက်အသုံးပြု ခြင်းသည် ဓာတ်မြေဩဇာလေလွင့် ဆုံးရှုံးမှု လျော့နည်းစေသည့်အပြင် ထည့်သွင်းထားသည့် မြေဩဇာ များကို သီးနှံပင်များ အပြည့်အဝ စားသုံးနိုင်မည်ဖြစ်သည့်အတွက် အထွက်နှုန်း  တိုးစေသည့်အပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကို ထိန်းသိမ်းရာရောက်ကြောင်း၊ တစ်ပြည်နယ်လုံး      မျိုးကောင်း မျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံစိုက်ပျိုးနိုင်ရေး  အတွက် ကျေးရွာတိုင်းတွင်  မျိုးစေ့ထုတ် စိုက်ခင်းများ   ထူထောင်ကြရန်၊ သီးနှံအထွက်နှုန်း     တိုးတက်ရေး အတွက် အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်      တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်   ဒေါ်ခင်ဆွေ ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ထုံးအိုင်၊ ကော့သံခါ၊ နောင် ထလုံး၊   ဝင်းကျန်၊   ကော့မူးသေ၊ ဖာလင်၊   ကော့ဒိုက်ပြင်ကျေးရွာ များမှ မျိုးစေ့ထုတ်တောင်သူများ အား  ယူရီးယားဓာတ်မြေဩဇာ ၂၅ အိတ်နှင့် သဘာဝမြေဩဇာ အိတ် ၅၀ တို့ကို ထောက်ပံ့ပေးအပ် ရာ     တောင်သူများကိုယ်စား တောင်သူ ကိုယ်စားလှယ်တစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊    ဒေသခံတောင်သူ လယ်သမားများက   ထုံးအိုင်၊ ကော့သံခါ၊ နောင်ထလုံး၊ ဝင်းကျန် ကျေးရွာအုပ်စုများမှ    ကောက်စိုက် သမများ၏ ဆင်းသုခ မျိုးစေ့ထုတ် စံပြစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို      ကြည့်ရှု အားပေးခဲ့ကြပြီး ကောက်စိုက်သမ များအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကာ     တက်ရောက်လာ သော တောင်သူလယ်သမားများ ကို     ရင်းရင်းနှီးနှီး     တွေ့ဆုံ နှုတ်ဆက်၍ ယဉ်ကျေးမှုအဖွဲ့များ အား    ဂုဏ်ပြုဆုများ     ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ဝင်းကျန်ကျေးရွာအုပ်စု     ကွင်း အမှတ်-၁၂၁၆-ခ တောကြီးကွင်းရှိ လပ်မြေဧရိယာ   ၂၂ ဒသမ ၄၈ ဧကတွင်    ရာသီသီးနှံ    ဟင်းသီး ဟင်းရွက်  စိုက်ခင်းထူထောင်နိုင် ရေး  ကြည့်ရှုစစ်ဆေးခဲ့ပြီး  ဌာန ဆိုင်ရာ    တာဝန်ရှိသူများအား လိုအပ်သည်များ      မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)