ဂိုးသမား အိုနာနာကို မန်ယူ အပြီးသတ် စာချုပ်ခေါ်ယူ

 

မန်ယူအသင်းသည် အင်တာမီလန်အသင်းမှ ဂိုး သမား အန်ဒရီ အိုနာနာကို ပေါင် ၄၇ ဒသမ ၂ သန်းဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။  
ငါးနှစ်စာချုပ်ချုပ်ဆို
အသက် ၂၇ နှစ်အရွယ် ကင်မရွန်းဂိုးသမား သည် နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်အပါ အဝင် အိုးထရက်ဖို့ဒ်၌ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။   ကစားသမားခေါ်ယူမှုတွင်   မန်ယူ အသင်းအနေဖြင့်   ကနဦး   ပေါင်  ၄၃  ဒသမ ၈ သန်းကို ပေးချေရမည်ဖြစ်ပြီး နောက်ထပ် ပေါင် ၃ ဒသမ ၄ သန်းကို အပိုဆုကြေးအဖြစ် ပေးချေ ရမည် ဖြစ်သည်။ 
ပူးပေါင်းသွားမည်
ထို့ကြောင့် အိုင်းယက်စ်ဂိုးသမားဟောင်း အို နာနာသည် ရာသီအကြိုခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန်အတွက် အမေရိကန်သို့ ထွက်ခွာသွား သော အသင်းသားများနှင့် ပူးပေါင်းသွားမည် ဖြစ် ကြောင်း သိရသည်။ 
အစားထိုးခေါ်ယူ
အိုနာနာသည် အိုးထရက်ဖို့ဒ်၌ ၁၂ နှစ်ကြာ ဖြတ်သန်းကာ ဇူလိုင်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းမှ ထွက်ခွာသွားသော နံပါတ်တစ် စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာ၏ နေရာ ကို အစားထိုးခေါ်ယူလိုက်ခြင်း ဖြစ်သည်။ 
၎င်းသည် အိုင်းယက်စ်အသင်းတွင် ကစား စဉ်အတွင်း နည်းပြတန်ဟက်  လက်အောက်၌ ခုနစ်လခွဲကြာ  ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်  အင်တာမီလန်အသင်းသို့  ပြောင်းရွှေ့ ခဲ့သည်။ ထို့ပြင်  အိုနာနာသည်  ပြီးခဲ့သည့်ရာသီ စီးရီးအေတွင် ၂၄ ပွဲကစားပြီး ရှစ်ပွဲ ဂိုးမပေးရ အောင် စွမ်းဆောင်ထားနိုင်သည်။ 
အိုနာနာသည် နိုင်ငံ့လက်ရွေးစင်ကစားသမား အဖြစ်မှ       ဒီဇင်ဘာလတွင်     အနားယူထားသူ ဖြစ်သည်။ 
မန်ယူအသင်းသည် ဇူလိုင် ၂၃ ရက်တွင် အာ ဆင်နယ်အသင်းနှင့် ခြေစမ်းပွဲ  ယှဉ်ပြိုင်ကစား သွားမည် ဖြစ်သည်။                      အောင်ဇော်