
ရန်ကုန် ဇူလိုင် ၁၉
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည် နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနား ကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာ သွယ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ တော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူကြ သည့် မေတ္တသုတ် ပရိတ်တရားတော် များကို နာယူကြကာ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။ (ယာပုံ)
ထို့နောက် မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ ကေသရာဘိဝံသထံမှ အနုမောဒနာ တရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
သတင်းစဉ်