
အေသင် ဇူလိုင် ၁၈
ဂရိမီးသတ်သမားများသည် အေသင်မြို့ အရှေ့ တောင်ဘက် ကီလိုမီတာ ၃၀ အကွာ ကူဗာရက်မြို့ အနီး၌ လောင်ကျွမ်းနေသော တောမီး၊ အေသင် မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၈၀ အကွာ ကမ်းခြေအပန်းဖြေမြို့လုထရက်ကီတွင် လောင်ကျွမ်း ခဲ့သော တောမီးနှင့် တခြားနေရာနှစ်ခုတွင် လောင်ကျွမ်းခဲ့သော တောမီးများကို ငြှိမ်းသတ်ခဲ့ သည်။
တောမီးလောင်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိ သည့် သတင်းဖော်ပြချက်များကို မတွေ့ရှိရသော် လည်း တောမီးလောင်မှုကြောင့် ပိုင်ဆိုင်မှုပစ္စည်းများ ကြီးကြီးမားမားဆုံးရှုံးခဲ့ကြသည်။ အရှေ့တောင်ပိုင်း အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သည့် အာတီကာ ဒေသရှိ နာမည်ကြီးကမ်းခြေအပန်းဖြေ စခန်းများ ရှိ နေထိုင်သူများနှင့်အတူ အခြားအခြေချနေထိုင် သူမိသားစုငါးစုကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။
ရဲများသည် မီးရှို့မှုသံသယနှင့် အမည်မသိ လူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂရိအမျိုးသား သတင်းဌာနဖြစ်သည့် အမ်နာက ဖော်ပြခဲ့သည်။
ရဟတ်ယာဉ် ခြောက်စင်း၊ မီးသတ်လေယာဉ် ၁၀ စင်း အကူအညီနှင့်အတူ မီးသတ်သမား အနည်းဆုံး ၂၁၀ သည် ၁၂ ကီလိုမီတာပမာဏရှိ တောမီးကို ငြှိမ်းသတ်နိုင်ရေး နာရီပေါင်းအတော် ကြာ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ ကြိုးစားမှုများကို ပြင်းထန်သော လေပြင်းတိုက်ခတ် မှုများက နှောင့်ယှက်ဟန့်တားသလို ဖြစ်စေခဲ့ သည်။
ဂရိနိုင်ငံတစ်ဝန်း တောမီးပေါင်း ၈၁ ခု လောင်ခဲ့ သည်။ အဆိုပါ တောမီးများအနက် တောမီးလေးခု မှာ မီးသတ် တပ်ဖွဲ့အတွက် စိန်ခေါ်မှုဖြစ်ခဲ့ကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ အီယိုနာနက်စ် အာတိုပွိုက်က အမ်နာသို့ ပြောခဲ့သည်။
ဆင်ဟွာ