
နေပြည်တော် ဇူလိုင် ၁၈
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် (၉၆)နှစ်မြောက် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Wang Wei ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ
စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် အဆိုပါအခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိ ကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးနှင့် သံရုံး မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတော် နိုင်ငံတော်သီချင်းတို့ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၆) နှစ်မြောက် အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Wang Wei က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူး နှင့်ဇနီးတို့က အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ် ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူးတို့က တက်ရောက်လာကြ သူများကို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်