အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ ၂၂ ဦးအထိရှိလာ

နယူးဒေလီ  ဇူလိုင်  ၁၅


အိန္ဒိယနိုင်ငံအရှေ့ပိုင်း      ဘီဟာ ပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် ၂၂    ဦးထက်မနည်း        သေဆုံး ကြောင်း    နိုင်ငံပိုင်ရေဒီယိုတစ်ခု ဖြစ်သည့်  အောအိန္ဒိယရေဒီယိုက ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထား သည်။

 

မိုးသည်းထန်မည်ခန့်မှန်း


ဇူလိုင် ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်   မိုးကြိုး ပစ်ခြင်းတို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်နယ်၏ နေရာအများအပြား တွင်   ထိခိုက်ခဲ့ရကြောင်း   သိရ သည်။ အိန္ဒိယ မိုးလေဝသဌာနက အရှေ့ပိုင်း     ဘီဟာပြည်နယ်တွင် လာမည့်ရက် အနည်းငယ်အတွင်း မိုးသည်းထန်စွာ  ရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ မိုးရွာသွန်းနေချိန်အတွင်း  လူများ အပြင်မထွက်ကြရန်    မိုးလေဝသ ဌာနက သတိပေးထားသည်။ 


၉၀၇ ဦး သေဆုံး


၂၀၂၂ ခုနှစ်အတွင်း   အိန္ဒိယ နိုင်ငံတစ်ဝန်း         မိုးကြိုးပစ်ခြင်း ကြောင့် လူပေါင်း ၉၀၇ ဦး သေဆုံး ကြောင်း တရားဝင်အချက်အလက် များကို   ကိုးကားပြီး  ဒေသတွင်း မီဒီယာများက     ထုတ်ပြန်ထား သည်။                          

ဆင်ဟွာ