
ရန်ကုန် ဇူလိုင် ၁၅
မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (Myanmar Media Deve-lopment Group – MMDG) ၏ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်း က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၁၂ ခုနှစ်တွင် စာပေ စိစစ်မှုများကို ဖျက်သိမ်းပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ကို ပြဋ္ဌာန်းကာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ဖျက်သိမ်း ပေးခဲ့ကြောင်း၊ ပြည်ပရောက်နေ သည့် မြန်မာမီဒီယာများကိုလည်း ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့ပြီး ဥပဒေနှင့်အညီ မီဒီယာလုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း။
ထို့ပြင် ၂၀၁၄ ခုနှစ်တွင် သတင်းမီဒီယာဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို ဖွဲ့စည်းပေးခဲ့ ကြောင်း၊ အလားတူ ရုပ်ရှင်ဥပဒေ ပါ ဆင်ဆာမူဝါဒများကိုလည်း လျှော့ပေါ့ပေးခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်း သားချစ်ကြည်ရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် ညစ်ညမ်းမှုများ မပါရှိစေရေးတို့ကို သာ စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပွဲ များ၊ ဟောပြောပွဲများ ပြုလုပ်ခဲ့ ခြင်းဖြင့် မီဒီယာလောက ဖွံ့ဖြိုး တိုးတက်မှုကို အတိုင်းအတာတစ်ခု အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း မီဒီယာများ အနေဖြင့် စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က ပြန်ကြားရေးဝန်ကြီး ဌာနအောက်တွင် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကို မကြာမီ က ဖွဲ့စည်းပေးထားပြီးဖြစ်၍ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မီဒီယာဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေအနေအချိန်အခါ နှင့်ကိုက်ညီပြီး ဆောင်ရွက်သင့် သည်များကို ဆွေးနွေးအကြံပြုကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မီဒီယာဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တက်ရောက်လာကြသည့် အဖွဲ့ဝင် များက မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သင့်သည်များ ကို ဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြ မှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်