မိုခါမုန်တိုင်းကာလအလွန် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ

 

နေပြည်တော်  ဇူလိုင်  ၁၃


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်  ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ    မိုခါမုန်တိုင်းဒဏ် ကြောင့်     ပျက်စီးသွားသည့်  ဓာတ်အားလိုင်းနှင့်  ဓာတ်အားခွဲရုံများ   ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ကို     အရှိန်အဟုန်ဖြင့်     အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ   စစ်တွေမြို့၊     ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊   မြောက်ဦးမြို့၊   မင်းပြားမြို့၊ မြေပုံမြို့၊   ရသေ့တောင်မြို့နှင့်   ပေါက်တောမြို့ရှိ   မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား ဇွန် ၇၊  ၁၈ ၊  ၂၃   ရက်နှင့်  ဇူလိုင် ၅ ရက်တို့တွင်   ဓာတ်အား စနစ်မှ     ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သည်။


ဆက်လက်၍ ကျန်ရှိနေသော မြို့များနှင့်  ကျေးရွာ များအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ၆၆ ကေဗွီ ရသေ့တောင် - ဘူးသီးတောင်     ဓာတ်အား လိုင်း  ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့်   ယနေ့နံနက် ၁၁နာရီ ၂၃ မိနစ်တွင်  ဘူးသီးတောင်မြို့ရှိ ၆၆/၁၁ ကေဗွီ  ,  ၅  အမ်ဗွီအေ ဘူးသီးတောင်ဓာတ်အားခွဲရုံ၏  ၁၁ ကေဗွီ ဖီဒါ      (၄) ဖီဒါမှ  ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇၅ လုံးဖြင့်   မြို့ပေါ်ရပ်ကွက်  ခုနစ် ရပ်ကွက်နှင့် ကျေးရွာ ၂၄ ရွာရှိ မီးသုံးသူ  ၅၂၇၃  ဦး တို့ကိုလည်းကောင်း၊  နံနက် ၁၁  နာရီ ၄၅ မိနစ်တွင်     မောင်တောမြို့ရှိ   ၆၆/၁၁ ကေဗွီ ,  ၅  အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၄) ဖီဒါ မှ  ၁၁/၀.၄  ကေဗွီ     ဖြန့်ဖြူးရေး   ထရန်စဖော်မာ ၈၁ လုံးဖြင့်  မြို့ပေါ်ရပ်ကွက်  ၁၂  ရပ်ကွက်နှင့်  ကျေးရွာ  ၂၄ ရွာရှိ  မီးသုံးသူ  ၆၄၇၄ ဦးတို့အား  လည်းကောင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား   ပြန်လည်ဖြန့်ဖြူးပေးထားပြီးဖြစ်သည်။


ယခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့်  ဆက်စပ်ပစ္စည်းများ    ပျက်စီးသွား သည့်  မြို့နယ် ၁၀ မြို့နယ်ကို    ဓာတ်အားစနစ်မှ ဓာတ်အား  ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သော ကြောင့်  မိုခါမုန်တိုင်းကာလအလွန် ရခိုင်ပြည်နယ်ရှိ    မြို့နယ်များအားလုံး ကို     နိုင်ငံတော်ဓာတ်အားစနစ် မှ    ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း   သတင်းရရှိသည်။                                

သတင်းစဉ်