
နယူးဒေလီ ဇူလိုင် ၁၃
အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာ မိုဒီသည် ဇူလိုင် ၁၃ ရက်တွင် ပြင်သစ်နိုင်ငံနှင့် ယူအေအီးနိုင်ငံ တို့သို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သည်ဟု အိန္ဒိယ ပြည်ပရေးရာဌာနက ကြေညာခဲ့သည်။
ပြင်သစ်နိုင်ငံသို့ သွားရောက် သည့်ခရီးစဉ်အတွင်း ပြင်သစ် အမျိုးသားနေ့ပွဲ ကျင်းပသည့် အခမ်းအနားသို့ အိန္ဒိယဝန်ကြီး ချုပ် တက်ရောက်မည်ဖြစ် သည်။ ယခုနှစ်သည် အိန္ဒိယ-ပြင်သစ်ဆက်ဆံရေး (၂၅) နှစ် မြောက်နှစ်လည်း ဖြစ်သည်ဟု မိုဒီက ၎င်း၏ခရီးစဉ်မစတင်မီ ပြောကြားခဲ့သည်။
အာကာသ၊ နျူကလီးယား၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် အိန္ဒိယ နှင့် ပြင်သစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် သွားမည် ဖြစ်သည်။ ဇူလိုင် ၁၅ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ပြင်သစ်နိုင်ငံ ပါရီမြို့မှ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
ယူအေအီးနိုင်ငံသည် (၂၈) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီ ဥတုပြောင်းလဲမှု ကွန်ဗင်းရှင်း ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်သည်။ ပါရီ သဘောတူညီချက်ကို အကောင် အထည်ဖော်ရန်နှင့် စွမ်းအင် ကဏ္ဍ အကူးအပြောင်းတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် အတွက် အမြင်ချင်းဖလှယ်ကြရန် မျှော်မှန်းထားကြောင်း မိုဒီက ပြောသည်။
ဆင်ဟွာ