ပြည်ထောင်စု၀န်ကြီး ဦးလှမိုး မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် စစ်တွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာသို့ ဆက်သွယ်ထားသော ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းတံတားပြုပြင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

စစ်တွေ    ဇူလိုင်    ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး  ဦးလှမိုးသည်   တာဝန်ရှိ သူများနှင့်အတူ ဇူလိုင် ၁၁ ရက် က    ရခိုင်ပြည်နယ်   စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်နှင့်  ရွာသစ် ကေကျေးရွာသို့      ဆက်သွယ် ထားသော        ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းတံတား ပြုပြင် ပြီးစီးနေမှု    အခြေအနေများကို   သွားရောက်ကြည့်ရှု    စစ်ဆေးခဲ့ ကြောင်း သိရသည်။ 
ထိုသို့    ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးအား တံတား ပြုပြင်ဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ တာဝန်ရှိသူ များက    လိုက်လံရှင်းလင်းပြသ ခဲ့ရာ     ပြည်ထောင်စုဝန်ကြီးက   တံတားရေရှည်   တည်တံ့ခိုင်မြဲ အောင်  ထိန်းသိမ်းဆောင်ရွက် သွားရန်   မှာကြားသည်။  အရှည်   ၈၅ ပေ ၊  အကျယ်   ၁၂   ပေရှိ    အဆိုပါဘေလီသံပေါင် သစ်သား ကြမ်းခင်းတံတားသည်    မိုခါမုန် တိုင်းဒဏ်ကြောင့်   ပျက်စီးခဲ့ခြင်း ဖြစ်ပြီး  ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက   တာဝန်ယူ၍ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား ပြုပြင်ဆောင် ရွက်ပြီးစီးမှုကြောင့်     ကျေးရွာ အုပ်စု နှစ်အုပ်စု၊ ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၉၂၆ အိမ်၊ လူဦးရေ ၄၈၂၂ ဦးအတွက်   လမ်းပန်းဆက်သွယ် ရေး လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း     သိရ သည်။
သတင်းစဉ်