မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၁၅ /၂၀၂၃ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ်  ၁၅ /၂၀၂၃
၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော်   ၁၁  ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ  ၁၃  ရက်)


၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊  ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။


၂။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်   ပို့ကုန်တင်ပို့သူများ  ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်  ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း (၅-၈-၂၀၂၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂) ဖြင့် သတ်မှတ်ခဲ့ပါသည်။


၃။    ပို့ကုန်တင်ပို့သူများအနေဖြင့်  ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်   ပို့ကုန်ရငွေပမာဏ၏   ၆၅ ရာခိုင်နှုန်းအစား   ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်။


၄။    ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၅။    ဤအမိန့်ကြော်ငြာစာအား လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။
    

သန်းသန်းဆွေ
    ဥက္ကဋ္ဌ