
ဘရပ်ဆဲလ် ဇူလိုင် ၁၂
အမေရိကန် နည်းပညာကုမ္ပဏီ ကြီးဖြစ်သည့် မက်တာကုမ္ပဏီ မှ အသစ်ထုတ်လုပ်လိုက်သည့် Threads အက်ပလီကေးရှင်းကို ဥရောပသမဂ္ဂအတွင်း အသုံးပြုရန် မဖြစ်နိုင်သေးချေ။
အဆိုပါ အက်ပလီကေးရှင်းကို ကမ္ဘာတစ်ဝန်း အသုံးပြုသူများပြား နေပြီဖြစ်သော်လည်း ဥရောပ သမဂ္ဂအတွင်းတွင်မူ အသုံးမပြု နိုင်သေးချေ။ Threads အက်ပလီ ကေးရှင်းကို တွစ်တာ၏ ပြိုင်ဘက် အဖြစ်လည်း သတ်မှတ်ထားသည်။
အဆိုပါ အက်ပလီကေးရှင်းကို စတင်အသုံးပြုခွင့်ပေးပြီး ငါးရက် အတွင်း ကမ္ဘာအနှံ့အသုံးပြုသူ ပေါင်း သန်း ၁၀၀ ထိ ရောက်ရှိခဲ့ သည်။ ဇူလိုင် ၅ ရက်မှ စတင်ကာ အဆိုပါ အက်ပလီကေးရှင်းကို စတင်မိတ်ဆက်ခဲ့သည်။
ဥရောပသမဂ္ဂ၏ အချက် အလက် ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းအောက်တွင် ပုဂ္ဂိုလ် ရေးရာ အချက်အလက်များ စုဆောင်းရန် လုပ်ဆောင်သူများ သည် သုံးစွဲသူများကို အချက် အလက်များ မည်သို့အသုံးပြုရ မည်ကို ရှင်းလင်းပြသရမည်ဖြစ်ပြီး သုံးစွဲသူ၏ ခွင့်ပြုချက်ရယူရန် လည်းလိုအပ်သည်။
အဆိုပါ အချက်အလက်ကို ချိုးဖောက်သူသည် ပြင်းထန်သည့် အပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဖြစ် သည်။ မေလအတွင်းက ဖေ့စ်ဘွတ် အသုံးပြုသူများ၏ အချက်အလက် ကို ဥရောပသမဂ္ဂမှ အမေရိကန် သို့ လွှဲပြောင်းပေးခဲ့သည့်အတွက် မက်တာကုမ္ပဏီကို အိုင်ယာလန် အချက်အလက် ကာကွယ်ရေး ကော်မရှင်က ယူရို ၁ ဒသမ ၂ ဘီလီယံ ဒဏ်ရိုက်ခဲ့သည်။
အင်န်အိတ်ချ်ကေ