လစ်သူယေးနီးယားနိုင်ငံ၌ ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးတွင် ဂျပန် - တောင်ကိုရီးယား ခေါင်းဆောင်များတွေ့ဆုံ

 

ဗွီးနီးယက်စ် ဇူလိုင် ၁၂


လစ်သူယေးနီးယားနိုင်ငံ၌   ကျင်းပသည့်   နေတိုး ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို    ကီရှီဒါနှင့်   တောင်ကိုရီးယားသမ္မတ  ယွန်ဆက်ယိုး တို့ တွေ့ဆုံကြသည်ဟု သိရသည်။ 


ဖူကူရှီးမား  ဒိုင်အီချီ   နျူကလီးယားစက်ရုံမှ သမုဒ္ဒရာအတွင်းသို့  စွန့်ပစ်သည့်သန့်စင်ထားသည့်  ရေနှင့်ပတ်သက်၍    ဂျပန်နိုင်ငံ၏    အစီအစဉ်ကို    ကီရှီဒါက ရှင်းပြခဲ့သည်။ 


နျူကလီးယားလောင်စာကို အေးခဲရန်အတွက် အသုံးပြုသောရေတွင် မိုးရေနှင့်မြေအောက်ရေများ ရောနှောပါဝင်ပြီး အဆိုပါစွန့်ပစ်ရေများမှာ စက်ရုံ တွင်  စုပုံလာသည်။   


ရေဒီယိုသတ္တိကြွပစ္စည်းများကို    ဖယ်ရှားရန် အတွက်    ရေကိုအသုံးပြုသော်လည်း ထရီတီယံမှာမူ ကျန်ရစ်နေဆဲဖြစ်သည်။ 
ပင်လယ်အတွင်းသို့  ရေများမစွန့်ပစ်မီ  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏  သောက်သုံးရေ  အဆင့် သတ်မှတ်ချက်  ခုနစ်ပုံ တစ်ပုံခန့်အထိ  ထရီတီယံ အဆင့်ကို  လျှော့ချရန်အတွက်    ရေကိုသန့်စင်ရန် ဂျပန်အစိုးရကစီစဉ်ထားသည်။ 


အင်န်အိတ်ချ်ကေ