“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ(၁၀) (မိုခါမုန်တိုင်းကြားမှ နှလုံးလှလူသားများ)

Type
1

 

မြင့်စိုး(နတလ)

ရှင်သန်ပြေးလွှားနေသော ချိုင်းထောက်လေးတစ်စုံ
    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်။
ကြွီတဲကျေးရွာ၏     ဘုန်းတော်ကြီးကျောင်း အောက်ထပ်မှာ  အထူးကုဆရာဝန်ကြီးများအဖွဲ့က ဒေသခံတိုင်းရင်းသားများအား    ဆေးဝါးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည်။ မျက်စိ အထူးကုအဖွဲ့၊ သွားနှင့်  ခံတွင်း၊      သားဖွားမီးယပ်၊ အထွေထွေရောဂါစသည်ဖြင့် သူ့နေရာနှင့်သူ   ရှိနေ ကြပြီး   လူနာတွေကလည်း     လာလိုက်ကြတာမှ ကျောင်းဝင်းတစ်ခုလုံး ပြည့်လျှံလျက်။    ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  နယ်စပ်ရေးရာ      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး       ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   သက်သက်ခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်  တာဝန် ရှိသူများက   ကြွီတဲကျေးရွာသို့      သွားရောက်ကာ အထူးကု ဆရာဝန်ကြီးများအဖွဲ့၏  ဆေးကုသမှုကို အားပေးကြည့်ရှုခဲ့ကြသည်။       မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့်    မလှမ်းမကမ်းတွင် အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦး  ချိုင်းထောက် နှစ်ဖက်ကို အားပြု၍ ရပ်နေသည်။  သူ၏   လုံချည် အနားစကို   ကြမ်းနှင့်ထိလုနီးပါး   ခပ်ရှည်ရှည် ဝတ်ထားသည်။ ခြေထောက်မှာ   ဒဏ်ရာတစ်ခုခု ရထားလို့  ချိုင်းထောက်နဲ့အားပြုသွားနေရတာများ လား။ သူလည်းအထူးကု  ဆရာဝန်ကြီးတွေဆီမှာ   ရောဂါတစ်ခုခု    ပြစရာရှိလို့ လာတာဖြစ်မှာပါလေ။   ထိုနေ့က    သူနဲ့ပတ်သက်ပြီး    ကရုဏာသက်မှုနှင့် စိတ်ဝင်စားမှုက  ဤမျှလောက်သာ။ ပြည်ထောင်စု ဝန်ကြီးများနှင့်  အဖွဲ့လည်း ကြည့်စရာရှိတာကြည့်၊ အထူးကုဆရာဝန်ကြီးများကို နှုတ်ဆက်၊   ရွာသူ ရွာသားများကို   အားပေးပြီးသကာလ  စစ်တွေမြို့ သို့   ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဇွန်လ ၁၀ ရက်နေ့တွင် နောက်တစ်ကြိမ်      ထပ်မံ သွားရောက် အားပေးကြည့်ရှုခဲ့ကြသည့်    နေရာက တော့ သင်ပုန်းတန်းကျေးရွာဖြစ်သည်။   ဟောဟိုမှာ တွေ့လိုက်ရပြန်ပါပြီ။      ချိုင်းထောက်နှစ်ဖက်ကို အားပြုရပ်နေသော အမျိုးသမီး။   သူဘာရောဂါများ ပြချင်လို့    ထပ်ရောက်လာတာပါလိမ့်။    အထူးကု ဆရာဝန်ကြီးများအဖွဲ့ကုသပေးနေသည့်  အဆောင် လေးထဲသို့ လှမ်းကြည့်ရင်း   အပြင်မှာရပ်နေသည်။ ထိုနေ့က ဆေးကုသဆောင်လေးမှာ  အတန်ငယ် ကျဉ်းနေသဖြင့် လူနာများနှင့်မဆံ့၊ ကျွန်တော်တို့အဖွဲ့ အထဲသို့လိုက်မဝင်တော့ဘဲ အပြင်မှာ   ရပ်စောင့်နေ လိုက်သည်။ ကျွန်တော်တို့ အဖွဲ့ဆိုသည်ကတော့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ တင်ထွဋ်၊ ဦးထွန်းအုံ၊ ဗိုလ်ချုပ်ဇင်မင်းထက်နှင့်   ကျွန်တော်။ ထိုအခိုက် အဆောင်လေးထဲမှ     ပြန်ထွက်လာသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက အနား သို့ရောက်လာပြီး ချိုင်းထောက်နှင့်   အမျိုးသမီးကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျွန်တော်တို့အဖွဲ့နှင့်ပါ မိတ်ဆက်ပေးသည်။
    “သူက  စစ်တွေမြို့နယ်    ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး
    ဒေါက်တာကြည်ကြည်သာပါ၊ 
        ကြည်ကြည်သာရေ…….
    ဒီအဘတွေကတော့………..၊
ရော်…..သူက    မြို့နယ်ဆရာဝန်ကြီးပဲကိုး၊ ဒါကြောင့် ကြွီတဲရွာကို   လာတာဖြစ်မှာ၊   ဘယ်သူ ဘယ်ဝါတွေမှန်း     သိပြီးတဲ့   နောက်မှာတော့ ချိုင်းထောက်ကိစ္စမေးကြည့်ရန်  အားမနာတော့ပြီ။
    “သမီးခြေထောက်က       
    ဘာဖြစ်ထားလို့ ချိုင်းထောက်နဲ့ 
    သွားနေရတာလဲ”
    “ဘယ်ဘက်ခြေထောက် ဖြတ်ထားလို့ 
        ပါ အဘ”
        “ဟမ်…..”
ကျွန်တော် အာမေဍိတ်သံက  ဗျာလို့တောင် မထွက်နိုင်တော့ဘဲ “ဟမ်” ဟု   ဖြစ်သွားရပါတော့ သည်။ မေးလိုက်မိတာကိုက အလွန့်အလွန် အားနာ စရာ ကောင်းလှပါဘိ။
    “Sorry …..သမီးရယ်၊ မသိလို့ မေးမိ 
        တာနော်”
    “ရပါတယ် အဘ”
စကားပြောရင်းဆိုရင်း      သူ့အကြောင်းတွေ သိလာရသည်။   ကြည်ကြည်သာ၊    စစ်တွေဇာတိ၊ ရခိုင်တိုင်းရင်းသူဖြစ်သည်။ ရှစ်တန်းကျောင်းသူဘဝ ၁၉၉၃ ခုနှစ်မှာ အရိုးကင်ဆာရောဂါရပြီး ဘယ်ဘက် ခြေထောက်ကို ဒူးဆစ်အထက်ကဖြတ်၍ စွန့်လိုက် ရသူ၊ ခြေထောက်တစ်ဖက်မှာ  ခြေတုနှင့်    ပညာ ကြိုးစားသင်ယူရင်း စစ်တွေ အ.ထ.က(၂)ကနေ ၁၀ တန်း    အောင်ခဲ့သူ၊    လေးဘာသာဂုဏ်ထူးထွက်ပြီး ရန်ကုန်ဆေးတက္ကသိုလ်(၂)သို့ တက်ရောက်ခွင့် ရခဲ့ သူ။ ၂၀၀၆-၂၀၀၇ မှာ ဒေါက်တာကြည်ကြည်သာ အဖြစ်နှင့် စစ်တွေမြို့က ခုတင်   ၂၀၀ ဆံ့   (ယနေ့ အချိန်တွင် ခုတင် ၅၀၀ ဆံ့ ဖြစ်နေပါပြီ။)   ပြည်သူ့ ဆေးရုံကြီးသို့    ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ပါ သည်။ ၂၀၀၈ ခုနှစ်မှာ   စစ်တွေမြို့      ဒေသန္တရ ကျန်းမာရေးဌာန၌လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးအဖြစ်လည်းကောင်း     တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။    ဆေးတက္ကသိုလ် တက်ရောက်စဉ်ကတည်းက ခြေတုတပ်၍ ကားမောင်း ခဲ့သလို   ယခုလည်း ကားဖြင့်    မြို့နယ်အတွင်းက ရွာတွေကိုသွားနေဆဲ၊   ကျန်းမာရေးစောင့်ရှောက်မှု တွေပေးနေဆဲဖြစ်သည်။ ဘဝကို အရှုံးမပေး ရင်ဆိုင် ခဲ့ရင်း ဆရာဝန်ဖြစ်အောင်  ကြိုးစားခဲ့သူ၊    ကိုယ်က ချိုင်းထောက်နှင့်    ဖြစ်နေစေကာမူ    အထူးကု ဆရာဝန်ကြီးများ   ကုသမှုအဆင်ပြေစေရေး   မိမိ မြို့နယ်အတွင်းမှာ   လိုက်ပါကူညီဆောင်ရွက်သူ၊ ဒေသခံတိုင်းရင်းသားများကို        ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူဖြစ်သည်။ သူ့အကြောင်း ကို လျှပ်တစ်ပြက်စေ့ငုပြီး သကာလ၊  သမီး ဘာဆု တွေရထားပြီးပြီလဲ  မေးလိုက်ချိန်မှာတော့ ၂၀၁၉ ခုနှစ်တွင် မိခင်ကျန်းမာရေးဝန်ကြီးဌာနက   ချီးမြှင့် ပေးအပ်သော         “ကျန်းမာရေးလုပ်ငန်းများ စွမ်းဆောင်ရည် ထူးချွန်ဆု”  ရခဲ့ဖူးကြောင်း    သိရ သည်။  အသက် ၁၃ နှစ်ကနေ  ယနေ့အချိန်အထိ နှစ်ပေါင်း ၃၀ တိုင်အောင်  ခြေတစ်ဖက်တည်းနှင့် ရုန်းကန်နေထိုင်ခဲ့ရသော ဒေါက်တာကြည်ကြည်သာ၊ သည်ထက်မက ထိုက်တန်သော  ဆုတံဆိပ်များ ချီးမြှင့်ခြင်းခံရပါစေ၊ ရပါစေဟု ကျွန်တော် ဆန္ဒပြုမိ ပါသည်။
သူတို့သည်လည်း နှလုံးလှကြသည်
သူတို့ဆိုသည်မှာ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊      မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ အသီးသီးမှ အဖွဲ့ဝင် များ ဖြစ်ကြသည်။ သူတို့အထဲက  တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ ၏   တာဝန်များကို ထမ်းဆောင်နေသူများ ဖြစ်ကြ သည်။ ယင်းကော်မတီအနေဖြင့်    သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်   ရရှိချိန် တွင် ရခိုင်ပြည်နယ်၊   ချင်းပြည်နယ်နှင့်    ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ဘေးအန္တရာယ်ကျရောက် နိုင်သောနေရာများမှ ပြည်သူများအား  ဘေးလွတ် ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊  သတိပေးချက်များ ထုတ်ပြန်ခြင်း၊ အရေးပေါ်အသုံးပြုရမည့်   အသက် ကယ်ပစ္စည်းများအကြောင်း    ရှင်းလင်းပြသခြင်း၊ Shelter များတွင် ခိုလှုံနေသူများအတွက် သောက်သုံး ရေများ ဖြန့်ဝေပေးခြင်းတို့  ဆောင်ရွက်ခဲ့ကြသည်။ မေလ  ၁၄ ရက်နေ့ နံနက်ပိုင်း    မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်     ထိခိုက်ပျက်စီးမှု များပြားခဲ့သော မြို့နယ်များဖြစ်သည့်    စစ်တွေ၊ ပုဏ္ဏားကျွန်း၊    ရသေ့တောင်၊    ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြား၊      ဘူးသီး တောင်နှင့် မောင်တောမြို့နယ်များအတွင်း    ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်ခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊    ပိတ်ဆို့မှုဖြစ်ပေါ် ခဲ့သော   လမ်းမကြီးများအား    ရှင်းလင်းခြင်းတို့ကို အမြန်ဆောင်ရွက်ခဲ့ကြပါသည်။  ပြည်ထဲရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၏       လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)တွင် အသင့်စုဖွဲ့ထားသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင် ၄၁၈ ဦးကို  မေလ ၁၇ ရက်နေ့မှ       စတင်၍ တပ်မတော်လေယာဉ်များဖြင့်       စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ အလားတူ မေလ ၁၈ ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်   ၁၁၆ ဦးကို  ပေါက်တောမြို့နယ်သို့ လည်းကောင်း၊   ပဲခူးတိုင်းဒေသကြီးမှ    ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦးကို ရသေ့တောင် မြို့နယ်သို့လည်းကောင်း စေလွှတ်၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ  ဆောင်ရွက်စေခဲ့ပါသည်။ 
ယင်းသို့‌စုဖွဲ့စေလွှတ်ရာတွင် လိုအပ်သောChain Saw၊ Engine Cutter ၊ Hydraulic Cutter များ ဖြည့်တင်းပေးခြင်း၊ မီးသတ်သမားတစ်ဦးချင်းစီတွင် ရှိနေရမည့် ၁၄ ပေကြိုး၊   လက်အိတ်၊   မျက်မှန်၊ လက်နှိပ်မီး၊ Life Jacket၊ Carabiner ကွင်းမှအစ အနည်းဆုံးပစ္စည်း  ၂၃ မျိုး   ကိုင်တွယ်အသုံးပြု ဆောင်ရွက်နိုင်အောင် စီစဉ်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါ သည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တပ်ဖွဲ့ဝင် များအတွက် အင်အားဖြည့်အစားအသောက်များ၊ ဆေးဝါးများ၊ ဝတ်စုံများကိုပါ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ညီတော်မောင် ကိုအောင်ကျော်မိုး
ကျွန်တော် စစ်တွေမြို့သို့ မေလ ၁၉ ရက်နေ့တွင် စတင်ရောက်ရှိ       တာဝန်ထမ်းဆောင်ခဲ့သည်။ ကိုအောင်ကျော်မိုးက ကျွန်တော့်ထက် တစ်ရက်စော၍ ရောက်နေခြင်းဖြစ်၏။ မိုခါမုန်တိုင်းဒဏ်သင့်ဒေသ များတွင်     ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်      ချင်းပြည်နယ်တွင် တပ်မတော်အရာရှိကြီးလေးဦး၊ ရခိုင်ပြည်နယ်တွင် ၁၄ ဦးတို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်၊  ရက်စွဲပါအမိန့်အမှတ် ၃၄/၂၀၂၃ ဖြင့်  ထုတ်ပြန်၍  တာဝန်ပေးအပ်ခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ကျော်မိုးက စစ်တွေမြို့နယ်တွင် တာဝန်ကျ သည်။ သူနှင့် ကျွန်တော်သည်   အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ၁၉၉၀ ပြည့် နှစ်လောက်က    စတင်ရေစက်ဆုံခဲ့ခြင်းဖြစ်၏။ ကျွန်တော် ရမခ တန့်ယန်းစစ်ဗျူဟာမှာ   တာဝန် ထမ်းဆောင်နေခိုက် သူက  မိုင်းရယ်ခလရ ၆၇ တပ်ရင်းသို့ ကျောင်းဆင်း အရာရှိအဖြစ်     ရောက်ရှိလာခြင်း   ဖြစ်သည်။ တန့်ယန်းနှင့်  မိုင်းရယ်သည် အိမ်ဦးနှင့်ကြမ်းပြင် ဖြစ်နေပါသည်။ တန့်ယန်းကိုကျော်၍     သံလွင် အရှေ့ခြမ်း    လွယ်ပန်လုံဒေသသို့ စစ်ဆင်ရေးတာဝန်   ထမ်းဆောင်ကြရသည်လည်းရှိသည်။ တန့်ယန်းမှ  လားရှိုးသို့ သွားလျှင်လည်း ဟိုယက ခရီးတစ်ဝက် ဖြစ်သလို မိုင်းရယ်ကလည်း တစ်ခေါ်လောက်မှာရှိနေ သဖြင့်     မကြာခဏဆုံဖြစ်   တွေ့ဖြစ်ကြသည်။ ကျွန်တော့် ဗျူဟာမှူး  ဗိုလ်မှူးကြီး စောဘိုးသာ၏     တပ်စစ်ခရီးစဉ်နှင့်လည်း မိုင်းရယ်သို့  မကြာမကြာ ရောက်ဖြစ်၏။ မိုင်းရယ် လေယာဉ်ကွင်းဟောင်းသည်     တောပစ်ဝါသနာပါသည့် ကျွန်တော့် ဗျူဟာမှူးကြီး အတွက်  ညဘက်ဂျစ်ကားမောင်း၍   ယုန်ထွက် ပစ်သောနေရာလည်း ဖြစ်ခဲ့ချေသည်တမုံ့။
ပြန်လည်ထူထောင်ရေးအတွက် လုပ်အားဒါနများ ပေးလှူ
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စစ်တွေမြို့သို့ ရောက်ရှိလာသူများမှာ  ရဲလေ့ကျင့်ရေးသင်တန်းကျောင်းများ၊    ရဲအကြပ်သင်တန်း ကျောင်း၊ ရဲအရာရှိအတတ်သင်ကျောင်းတို့မှ စုစု ပေါင်းတပ်ဖွဲ့ဝင်အင်အား ၂၁၈၈ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၁၀၄ ဦး၊ ပဲခူးတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၁၁၅ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၁၁၅ ဦး၊
မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့နှင့်ရုံးအဖွဲ့ ၂၃ ဦး၊   နေပြည်တော် မီးသတ်တပ်ဖွဲ့မှ   ၃၃ ဦး၊ မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့တပ်ခွဲမှ ၃၅ ဦး၊ မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ၃၅ ဦး  စုစုပေါင်း မီးသတ်တပ်ဖွဲ့ဝင်  ၄၆၀၊  ပရဟိတအဖွဲ့မှ   ၅၀၊ စုစုပေါင်း ၂၆၉၈ ဦးဖြစ်သည်။ အထက်ပါအင်အား များကို စစ်တွေ မြို့တွင်းရှင်းလင်းရေးနှင့် စစ်တွေ-ကျောက်တော်လမ်းမကြီး    ရှင်းလင်းရေးဟူ၍ နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။  ယင်းအဖွဲ့များကို ဗိုလ်မှူးချုပ် အောင်ကျော်မိုးနှင့် ရဲမှူးချုပ် ဝင်းဗိုလ် တို့မှ အနီးကပ် ကြီးကြပ်ကွပ်ကဲခဲ့ကြသည်။
ဌာနဆိုင်ရာ ယာဉ်/ ယန္တရားများ ပါဝင်အားဖြည့်
မိုခါမုန်တိုင်းကြားက   နှလုံးသားလှသူများကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ တွေ့မြင် နိုင်ပါသည်။ ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးမှာ နေပူမရှောင်၊ မိုးရွာမရှောင် ကူညီဆောင်ရွက်ရင်း   လုပ်အားဒါန ပြုနေကြသည့် အင်အားက  အများဆုံးဖြစ်သည်။ အထက် တင်ပြပါစုစုပေါင်းအင်အား ၂၆၉၈ ဦးအပြင် တပ်မတော်မှ ၁၀  ဘီးယာဉ်တစ်စီး၊ Dump Truck ၁၇ စီး၊ မောင်းနှင်ပေးသည့် တပ်မတော်သား ၁၇ ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယာဉ်/ ယန္တရား ၂၁ စီးနှင့် ဝန်ထမ်းအင်အား ၃၀ ၊  ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ ယာဉ်/  ယန္တရား ၁၅ စီးနှင့် ဝန်ထမ်းအင်အား ၁၀၇ ဦး၊   သစ်တောဦးစီးဌာနမှ ယန္တရားလေးစီး၊ စက်မှုလယ်ယာဦးစီးဌာနမှ ယာဉ် တစ်စီး၊ နတလဦးစီးဌာနမှ    ယန္တရားတစ်စီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ယန္တရားတစ်စီးတို့လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ Chain Saw များ အသုံးပြုရာတွင်လည်း မီးသတ် တပ်ဖွဲ့မှ ၁၆၃ လက်၊ သစ်တောဦးစီးဌာနမှ ၂၄ လက်၊ နတလဦးစီးဌာနမှ ၁၅ လက် ပါဝင်အသုံးပြုခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့က မြက်ဖြတ်စက် ၂၄ စီး ဖြင့် ပူးပေါင်းဆောင်ရွက်နေပါသည်။
ဦးစားပေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်
ရှာဖွေကယ်ဆယ်ရေးနှင့်    ကူညီရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းလမ်းမ ကြီးများ၊ စာသင်ကျောင်းများနှင့် ဆေးရုံအဆောက် အအုံများ၊   သာသနိကအဆောက်အအုံများနှင့် ယဉ်ကျေးမှုအဆောက်အအုံများ၊ ရုံးဌာနများ၊ လူနေ ရပ်ကွက်များကို ဦးစားပေး  အစီအစဉ်အလိုက် ရှင်းလင်းဆောင်ရွက်ခဲ့သည်။     အခြေခံပညာ ကျောင်းများထဲမှ အ.ထ.က ၉ ကျောင်း၊ အ.လ.ကနှင့် မူလတန်းကျောင်းများအပြင် စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် စစ်တွေ နည်းပညာအထက်တန်းကျောင်းဝင်းများထဲမှာ   စနစ်တကျ   ရှင်းလင်းဆောင်ရွက်ပေးပြီး ဇွန်လ ၁ ရက်နေ့   ကျောင်းအားလုံးဖွင့်နိုင်အောင် ကူညီနိုင်ခဲ့ကြသည်။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရ၍ ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများစွာ     ရှိခဲ့သည်။ အဆိုပါတပ်ဖွဲ့ဝင် အင်အားများဖြင့်   လောကာနန္ဒာ ဘုရားကြီးဝင်းနှင့် သာသနာ့ဗိမာန်တော်ကြီး၊ ဗုဒ္ဓ ပြတိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ လက်ဝဲသလုံးတော် ဘုရားနှင့်ကျောင်း၊ ဦးရဲကျော်သူ ဘုရားနှင့်ကျောင်း၊    ပတ္တမြားကျောင်း၊    ရန်ပြေ မာန်ပြေဘုရားဝင်း၊   ယဉ်ကျေးမှုပြတိုက်တို့ကို ကုသိုလ်ယူ     ရှင်းလင်းဆောင်ရွက်ပေးကြသည်။ ထို့ပြင်    မင်းဘာကြီးလမ်းပေါ်ရှိ     ဟိန္ဒူဘုရား ကျောင်း၊     မေယုလမ်းပေါ်ရှိ      ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၊  မေယုလမ်းပေါ်ရှိ    Jame Mosque ဗလီ၊ ယဉ်ကျေးမှုပြတိုက်အနီးရှိ Jama Masjid ဗလီတို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အများသူငှာ     အပန်းဖြေနားနေနိုင်ရေးအတွက် ဦးဥတ္တမ ပန်းခြံနှင့်ခန်းမ၊ နန္ဒဝန်ဥယျာဉ်တို့ကိုလည်း လူအင်အားနှင့် စက်ယာဉ်ယန္တရားများစွာ အသုံးပြု ၍ ရှင်းလင်းဖယ်ရှား   ဆောင်ရွက်ပေးခဲ့ကြသည်။ စစ်တွေမြို့၏       အဓိကလမ်းမကြီးများအပြင် ကျောင်းကြီးလမ်း၊ အောင်ဇံဝေလမ်း၊ အောင်ထွန်း ဦးလမ်း၊ စက်ရုံလမ်း၊ ရွာကြီးလမ်း၊ ရွှေမင်းဂံမြို့ပတ် လမ်း၊ ပြည်တော်သာလမ်း၊ စစ်တွေတက္ကသိုလ်လမ်း၊ သက္ကေပြင်   လမ်းများပါမကျန်   အချိန်တိုအတွင်း သန့်ရှင်းသာယာ လှပစေခဲ့သည်။
လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်လက်တွဲ
မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာပင်         ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၌    လူမှုရေးအသင်း အဖွဲ့များ  ပါဝင်လက်တွဲ   ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍    ကူညီထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း ၎င်းတို့ကိုယ်တိုင် လိုလားနှစ်ခြိုက်စွာ ပါဝင်အားဖြည့် ကူညီခဲ့ကြသည်။ ယင်းအဖွဲ့များမှာ ရွှေရောင်မေတ္တာ ပရဟိတအသင်း၊  စိမ်းပြာပရဟိတ အသင်း၊ Green Network အဖွဲ့၊ ARG အဖွဲ့၊ မေတ္တာ ရောင်ခြည်ပရဟိတအဖွဲ့များ ဖြစ်ကြသည်။  ပုံမှန် လုပ်ငန်းများအပြင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်လည်း    သူတို့ပါဝင်ကြသည်။ စစ်တွေမြို့၏ ကျက်သရေဆောင် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးဝင်းထဲမှာ၊   စစ်တွေ ကမ်းခြေမှာ ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြ သည်ကို အမှတ်ရမိ၏။ ရွှေသံလွင် ဦးကျော်ဝင်းတို့ အဖွဲ့ကလည်း    နေ့စဉ်လူ   ၁၀၀၀၀ စာအတွက် ကျွေးမွေးခြင်း အလှူဒါနအစီအစဉ်ကို တစ်လတိတိ တာဝန်ယူ   ဆောင်ရွက်သွားသဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ခဲ့ရပါသေးသည်။
အလှူဒါနဖြင့် နှလုံးလှကြသူများ
ရခိုင်ပြည်နယ်     မြောက်ပိုင်းဒေသများသို့ အားကောင်းသော      ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်ပြီး   နောက်တစ်နေ့ဖြစ်သော မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာပင် ထိုဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပခဲ့ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါသည်။    “နိုင်ငံ အတွက်    လိုအပ်သည့်အချိန်တွင်      လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လှူဒါန်းမှုများကို မိမိအနေဖြင့်         ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း         မိမိတို့တိုင်းပြည်အတွက် ဆောင်ရွက်ချိန်တွင်   အရေးကြီးမှသွေးစည်းသည် မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တိုင်းပြည်မှလိုအပ်လာချိန်တွင်  ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက       မိမိတို့တိုင်းပြည် သွားချင်သည့် လမ်းကြောင်းပေါ်တွင်     သာယာ ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါ ကြောင်း” နိုင်ငံတော်အကြီးအကဲက   ပြောကြားခဲ့ သည်။   မုန်တိုင်းဒဏ်သင့်ဒေသများ၌     ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက ထိုနေ့လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်း ဖြစ်သည်။ ထပ်မံ၍ လည်း နေရာစုံဒေသစုံမှာ မိုခါအတွက် လှူဒါန်းမှုများ ပြုနေကြသည်။ အာဆီယံနိုင်ငံများမှ လှူဒါန်းမှုများ ရှိသကဲ့သို့ ASEAN+3 အရေးပေါ် အရန်ဆန်ရိက္ခာ APTERR Tier Programme 3 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ   ဆန်ရိက္ခာ ၅၅၄ တန်၊ ဂျပန်နိုင်ငံမှ အသင့်စားဆန်ထုပ် ၂၀၀၀၀ လှူဒါန်းမှု များကိုလည်း  တွေ့ရသဖြင့် လှူဒါန်းမှုအစုစုတို့ အတွက် သာဓုခေါ်ဝမ်းမြောက်ရပါသည်။
အနုပညာရှင်များ၏ ရင်တွင်းစေတနာ
မိုခါမုန်တိုင်းဒဏ်သင့်    ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို  ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာလောကသားများ စုပေါင်း၍ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံကြီးတွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ  ဖျော်ဖြေတင်ဆက်ခဲ့သည်။ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများ ထံမှ လှူဒါန်းငွေများ     လက်ခံရရှိခဲ့သည့်အပြင် အနုပညာ လောကသားများ၏ ဖြူစင်သောမေတ္တာ၊ သန့်ရှင်းသောစေတနာကို ပြသခွင့်     ရခဲ့ကြသည်။ ထို့ပြင်    မုန်တိုင်းသင့်ပြည်သူများအတွက်လည်း ကြီးမားသည့် စိတ်ဓာတ်ခွန်အားကို ရရှိစေခဲ့သည်။
ထိုနည်းတူစွာ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသ များအတွက် သဘာဝဘေး  ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲကို        ဇွန်လ    ၁၆ ရက်နေ့ ညနေပိုင်းက   ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရုပ်ရှင် အသင်း (Movie FC)၊ ဂီတအသင်း (Music FC)၊ ညွန့်ပေါင်းအသင်း (Old Star FC)၊ Forever FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အနုပညာရှင်များကလည်း ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊    ဂီတအစည်း အရုံး(ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊   ဟာသ ပညာရှင်များအစည်းအရုံး၊ Old Star   ဘောလုံး အသင်းမှ တာဝန်ရှိသူများ၊ အနုပညာရှင်များသည် ဇွန်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိကြပြီး စစ်တွေဟိုတယ်၌ အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြ သည်။ ယင်းအခမ်းအနားတွင်  ပဒေသာကပွဲကြီးမှ ရရှိသော အလှူငွေကျပ်  ၁၃၂၂  သိန်းနှင့် စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ ဘောလုံးပြိုင်ပွဲက ရရှိသော အလှူငွေကျပ် သိန်း ၇၅၀ နှင့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုးနှင့်     ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လက်ခံရယူကြပြီး    ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ဖျော်ဖြေမှုများက ခွန်အားဖြစ်စေသည်
ရခိုင်ပြည်နယ်အတွင်းရှိ    မုန်တိုင်းဒဏ်သင့် ဒေသများ၌  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့်   နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ် တပ်ဖွဲ့ဝင်များနှင့်        မိသားစုဝင်များ    စိတ်ရွှင်လန်း ချမ်းမြေ့စေရန်၊ ပင်ပန်းနွမ်းနယ်မှုများ    ပြေပျောက်                စေရန်အတွက်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်     စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး   ကွပ်ကဲမှုအောက်ရှိ  နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊  စစ်သမီး များက အဆိုအကများဖြင့်    လှည့်လည်ဖျော်ဖြေ ပေးခဲ့ကြသည်။  ထိုနည်းတူစွာပင်     ရုပ်ရှင်နှင့် ဂီတအနုပညာရှင်အဖွဲ့များ အနေဖြင့်လည်း စစ်တွေ မြို့သို့  ရောက်ရှိလာကြပြီး  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ    ဆောင်ရွက် နေကြသည့် တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား နေရာအလိုက်ခွဲ၍ လှည့်လည် သီဆို     ဖျော်ဖြေခဲ့ကြရာ     ပျော်ရွှင်ချမ်းမြေ့စွာ        ကြည့်ရှုအားပေးခဲ့ကြသည်။   အနုပညာရှင်များ၏    ဖျော်ဖြေမှုများကလုပ်အား  ဒါနပြုနေကြသူများ အတွက်   ပင်ပန်းနွမ်းနယ်မှုများ       ပြေပျောက်စေ သကဲ့သို့        ဒေသခံပြည်သူများအတွက်လည်း         စိတ်ဓာတ်ခွန်အားများ       တိုးပွားစေခဲ့ပါသည်။     ကျေးဇူးတင်ပါသည် အနုပညာရှင်များတို့ရေ…။
မိုခါမုန်တိုင်းကြားမှ နှလုံးလှလူသားများ
ကျွန်တော်    ရည်ညွှန်းလိုက်သော    အဆိုပါ ခေါင်းစဉ်အောက်မှာ အဖွဲ့အစည်းပေါင်း    များစွာ၊ လူပုဂ္ဂိုလ်ပေါင်းများစွာ ပါဝင်နေပါသည်။ ကျွန်တော် ထုတ်နုတ်တင်ပြထားသည့် အထက်ပါ အလှူရှင် များ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများအပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘာသာရေးအဖွဲ့အစည်းများပါမကျန် မုန်တိုင်းသင့်ပြည်သူများအပေါ် စာနာနားလည်မှု၊ အားပေးမှု၊  လှူဒါန်းမှု ပြုနေကြသူအားလုံး ပါဝင် နေပါသည်။  သူတို့အားလုံးသည်   နှလုံးလှလူသား များ ဖြစ်ကြသည်။ သူတို့နှလုံးသားက   ပေါက်ဖွား လာသော မေတ္တာ၊ ကရုဏာ၊ အကြင်နာတရားများ၊ မွန်မြတ်သော စိတ်စေတနာများ၊ စာနာထောက်ထား မှုများက မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင် ရေးအတွက်၊ ဒေသခံပြည်သူများအတွက်   အလွန် ကြီးမားသည့်ခွန်အား ဖြစ်စေပါကြောင်း     ဂုဏ်ပြု ရေးသားတင်ပြအပ်ပါသည်။    ။