ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်တွေ   ဇူလိုင်   ၁၂


ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်   သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်       ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   မွေးမြူ ရေး လုပ်ငန်းရှင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်    ပြည်နယ်ဝန်ကြီးချုပ်က    ဆိုင်ကလုန်း မုန်တိုင်း မိုခါ    တိုက်ခတ်ပြီးနောက်  နိုင်ငံတော်အကြီးအကဲ  ရခိုင်ပြည်နယ်သို့  ရောက်ရှိ လာပြီး     ဆက်လက်ဆောင်ရွက်မည့်    ပြန်လည် ထူထောင်ရေးကိစ္စများနှင့် ပတ်သက်၍   လမ်းညွှန်ခဲ့ပါ ကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးသည်   အဓိကဖြစ်ကြောင်း၊  အမိုးအကာအောက်  ရောက်ရှိ ရေးနှင့်   ပညာသင်ကြား ရေး၊     ကျန်းမာရေးကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေးတို့ကို   မှာကြားခဲ့ပါကြောင်း၊ မှာကြားချက်များကို    အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးများနှင့်     ဒုတိယဝန်ကြီးများ ကိုယ်တိုင်    အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ ခြင်းကြောင့် အချိန်တိုအတွင်း ပြည်နယ်၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို  ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်များတွင်လည်း   တပ်မတော် အရာရှိကြီးများကို  ခန့်အပ်တာဝန်ပေးကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ   တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း     မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၊ တောင်သူများ  ကျွဲ၊ နွားများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ခိုင်းကျွဲခိုင်းနွားများ ထိခိုက်ပျက်စီးခဲ့မှုအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစီအမံများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊   အလားတူ    ဝက်၊ ကြက်    မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်နေသူများကို မျိုးကောင်းမျိုးသန့်   သားပေါက်များ   ရရှိနိုင်ရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မုန်တိုင်းသင့်ဒေသများတွင်  မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်    အရင်းမပျောက် မတည်ရန်ပုံငွေဖြင့်   မြစိမ်းရောင်  (အသားကဏ္ဍ) ကျေးရွာ ထူထောင်ခြင်းလုပ်ငန်းကိုလည်း လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်း များ  တိုးတက်လာစေရန်  ခရိုင်နှင့် မြို့နယ်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများလည်း ထုတ်ချေး ပေးထားပါကြောင်း၊   မြေပြင်တွင်   အမှန်တကယ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများကို လိုအပ် သည့် နည်းပညာနှင့်  ပံ့ပိုးမှုများ   ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊   မွေးမြူရေးလုပ်ငန်းများ ပိုမို အောင်မြင်စေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက   ရခိုင်ပြည်နယ်အတွင်း   မွေးမြူရေး ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးက မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ခဲ့သည့် မွေးမြူရေးကဏ္ဍများနှင့် ပြန်လည်ထူထောင် ရေး လုပ်ငန်းများ  ဆောင်ရွက်မည့်  အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် မွေးမြူရေး လုပ်ငန်းရှင်များက  မွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက  ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က   လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။                        

သတင်းစဉ်