ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၃(တက္ကသိုလ်အဆင့်)ကို Online မှ ကျင်းပသွားမည်

 

နေပြည်တော်   ဇူလိုင်   ၁၂


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ – ၂၀၂၃ (တက္ကသိုလ် အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လို သူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ် အချက်အလက်များကို https://www.ncsc.gov.mm/CAVC2023_RegistrationForm.pdf နှင့် https://www.ncsc.gov.mm/CAVC2023_Announcement.pdf Link တို့တွင် Download ရယူနိုင်ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆု ချီးမြှင့် သွားမည်ဖြစ်ပြီး  ယင်းပြိုင်ပွဲတွင်  ပထမဆုရရှိသော  Video  ဖိုင်ကို ဘရူနိုင်းနိုင်ငံတွင်  ကျင်းပမည့်    Asean–Japan Cybersecurity Awareness Video Competition - 2023 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။


အသေးစိတ်သိရှိလိုပါက အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ၏ ဝက်ဘ်ဆိုက် www.ncsc.gov.mm သို့လည်းကောင်း၊ ဖုန်းနံပါတ်– ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း  ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။                               

သတင်းစဉ်