ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ ပင်မအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁၂

 

ရခိုင်ပြည်နယ်   တည်ငြိမ်အေးချမ်း ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏  ပင်မအဖွဲ့  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့ မွန်းလွဲ ၃ နာရီတွင်  နေပြည်တော် ရှိ    နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌    ကျင်းပ သည်။
အစည်းအဝေးသို့        ရခိုင် ပြည်နယ်  တည်ငြိမ်အေးချမ်းရေး နှင့်     ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ    နယ်စပ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယ   ဗိုလ်ချုပ်ကြီး   ထွန်းထွန်း နောင်၊   ဒုတိယဥက္ကဋ္ဌများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ        ပူးပေါင်း ဆောင်ရွက်ရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ       သက်သက်ခိုင်၊ ကော်မတီဝင်  ဒုတိယဝန်ကြီးများ နှင့်  တာဝန်ရှိသူများ  တက်ရောက် ကြပြီး ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်      ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီးတို့က     Zoom Application Online System ဖြင့် တက်ရောက်ကြသည်။
ဦးစွာ    ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  ရခိုင်ပြည်နယ် မှ      နေရပ်စွန့်ခွာသူများအနက် ၎င်းတို့၏ဆန္ဒအလျောက်  ပြန်လာ လိုသူများကို        နှစ်ဖက်ညှိနှိုင်း၍ စိစစ်လက်ခံမှုများ    အမြန်စတင် ဆောင်ရွက်နိုင်ရေးနှင့်   ပြန်လည် နေရာချထားရေးအတွက် လုပ်ငန်း ကော်မတီများအလိုက် ဆောင်ရွက် ရမည့်   ကိစ္စရပ်များကို   ရှင်းလင်း ဆွေးနွေးပြောကြားပြီး   လုပ်ငန်း ကော်မတီများမှ   တာဝန်ရှိသူများ နှင့်    ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့က ဆောင်ရွက်ထားရှိမှု  အခြေ အနေများ၊     လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ရေး  ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက  လိုအပ်သည် များ ဖြည့်စွက်မှာကြား၍ ညှိနှိုင်း ဖြည့်ဆည်း      ဆောင်ရွက်ပေးပြီး အစည်းအဝေးကို    ရုပ်သိမ်းလိုက် ကြောင်း သိရသည်။  

သတင်းစဉ်