
မိမိတို့အနေနဲ့ အေးချမ်းသာယာတဲ့ ကမ္ဘာကြီးတည်ဆောက်နေကြချိန်မှာ နိုင်ငံတကာ အကြမ်းဖက်လုပ်ရပ်များကို
နေရာပေးဖို့ အကြောင်းမရှိပါ။ လမ်းကြောင်း - ၁ နဲ့ အစိုးရများက ဝိုင်းဝန်းတိုက်ဖျက်နေကြသလို၊
လမ်းကြောင်း - ၂ မဟာဗျူဟာလေ့လာရေး အသိုင်းအဝိုင်းများကလည်း အကြမ်းဖက်လုပ်ရပ်တွေကို
ဘယ်ပုံသဏ္ဌာန်၊ လုပ်ရပ်နဲ့မှ လက်ခံခြင်း၊ လျစ်လျူရှုခြင်းများပြုဖို့ မဖြစ်နိုင်
သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ Non-traditional Security Matters နှင့် ပတ်သက်၍ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အမှုဆောင်အဖွဲ့ဝင် ဦးဘလှအေးနှင့် ဦးသန်းထွန်း (မော်လမြိုင်)တို့အား တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ မြန်မာနိုင်ငံမဟာဗျူဟာနဲ့ နိုင်ငံတကာ
လေ့လာရေးအဖွဲ့က ကမကထပြုပြီး သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စများ ( Non-traditional Security Matters ) အပေါ် မဲခေါင်-လန်ချန်း ဒေသနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင်လ ၁၄ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ။
ဦးဘလှအေး ဖြေ ။ ။ ဟုတ်ပါတယ်။ ဆွေးနွေးပွဲ
ခေါင်းစဉ်က "Seminar on Cooperation on Non-traditional Security Matters among MLC Countries" ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မြစ်ဖျားခံပြီး အရှေ့တောင်အာရှ ကျွန်းဆွယ် ငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်စီး ဆင်းတဲ့ လန်ချန်း- မဲခေါင်မြစ်အမည်ကိုယူပြီး လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (Mekong-lancang Cooperation-MLC)အဖွဲ့ကို ခြောက်နိုင်ငံပေါင်း တည်ထောင်နိုင်ခဲ့တာ ခုနစ်နှစ် ရှိပါပြီ။ ဒီမြစ်ကို တရုတ်နိုင်ငံက လန်ချန်းမြစ်လို့ ခေါ်ပြီး အရှေ့တောင်အာရှနိုင်ငံများကတော့ မဲခေါင် မြစ်လို့ခေါ်ဆိုတဲ့အတွက် နာမည်နှစ်ခုစလုံး ထည့်သွင်းခေါ်ဆိုကြပါတယ်။
ဒီခြောက်နိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ လုံခြုံရေးကိစ္စများနဲ့ စပ်လျဉ်းလို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ MLC ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါ တယ်။ အခု ကျင်းပပြုလုပ်မယ့်ဆွေးနွေးပွဲက ဒေသ တွင်း ကြုံတွေ့နေကြရတဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ Non- traditional Security Matters များကို အာရုံစိုက်ပြီး ဆွေးနွေး ကြဖို့ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ခေါင်းစဉ်နှစ်ခု ခွဲထားပါတယ်။ နံနက်ပိုင်းမှာ Challenges on Non-traditional Security Matters ဘာသာရပ်နဲ့ မွန်းလွဲပိုင်းမှာ Cooperation on Non-traditional Security Matters ဘာသာရပ်တို့ကို ဆွေးနွေး ပါမယ်။
နံနက်ပိုင်းကတော့ Combating Terrorism၊ Human Trafficking related to Online Gambling and Scamming နဲ့ Cybercrime ဘာသာရပ်များနဲ့ ပတ်သက်ပြီး ကြုံတွေ့နေကြတဲ့ ဒေသအတွင်း စိန်ခေါ်မှုများကို ဆွေးနွေးကြဖို့ ဦးစားပေးထားပါ တယ်။ မွန်းလွဲပိုင်းမှာက Food Security နဲ့ Extreme Poverty Reduction ဘာသာရပ်များ အပေါ် ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းများ ကို အလေးထားဆွေးနွေးကြပါမယ်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတွေက ပညာရှင်များ ပါဝင် ဆွေးနွေးကြမှာဖြစ်ပါတယ်။ နိုင်ငံခြောက်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေမယ့်၊ (၆)နိုင်ငံပြည်သူများရဲ့အကျိုးစီးပွားကို ပိုမိုကာကွယ် မြှင့်တင်ပေးနိုင်မယ့် အကြံပြုချက်၊ ထောက်ခံချက် များ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
မေး ။ ။ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စများ Non-traditional Security Matters နဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဦးဘလှအေး ဖြေ ။ ။ Security သို့မဟုတ်
Traditional Security ဆိုတာမှာ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ထိန်းသိမ်းခြင်း နဲ့ပတ်သက်ပြီး အဓိကအားဖြင့် ပြည်ပက ကျူးကျော် ဝင်ရောက်ခြင်း၊ ပြည်တွင်းမှာ တည်ငြိမ်မှုနဲ့ တရား ဥပဒေစိုးမိုးမှု ပျက်ပြားခြင်းဆိုင်ရာကိစ္စများ ဖြစ်ကြ ပါတယ်။ ယနေ့ခေတ်အခါမှာတော့ နိုင်ငံတစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်တဲ့ကိစ္စများမှာ အခုပြောခဲ့တဲ့ ကိစ္စများသာမကတော့ဘဲ အလွန် အမင်း ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ သယံဇာတရှားပါးမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ ပုံမှန်မဟုတ်တဲ့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမှု၊ ကပ်ရောဂါများ၊ အကြမ်း ဖက်မှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ လူကုန် ကူးမှု၊ ပင်လယ်ဓားပြမှု စသည်တို့ကို သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ Non-traditional Security Matters များအဖြစ် သတ်မှတ်ကြပါ တယ်။
မေး ။ ။ ဆွေးနွေးပွဲမနက်ပိုင်းမှာ Challenges
on Non- traditional Security Matters ခေါင်းစဉ်နဲ့ Combating Terrorism၊ Human Trafficking related to Online Gambling and Scamming၊ Cybercrime တို့ တွေ့ရပါတယ်။ မွန်းလွဲပိုင်းမှာ Cooperation on Non-traditional Security Matters ခေါင်းစဉ်နဲ့ Food Security among MLC နဲ့ Extreme Poverty Reduction တို့ကို ဆွေးနွေးမယ်လို့ ဖော်ပြထားတာကို ရှင်းပြ စေလိုပါတယ်။
ဦးဘလှအေး ဖြေ ။ ။ ဒီဆွေးနွေးပွဲကို ကျင်းပရာ မှာ အချိန်၊ ငွေ အကန့်အသတ်များရှိတဲ့အတွက် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စ အားလုံးကို ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကနေ့အများက အာရုံစိုက်ဦးစားပေးကြတဲ့ ဘာသာ ရပ်တွေကိုပဲ ရွေးချယ်ပြီး ဆွေးနွေးနိုင်ခြင်း ဖြစ်ပါ တယ်။ နောက်အကြောင်းတစ်ခုကလည်း ဆွေးနွေး ပွဲက ရလာနိုင်တဲ့ ဘာသာရပ်များဆိုင်ရာရလဒ်ကို မိမိတို့ခြောက်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တွေ ပိုပြီးထိရောက်တိုးမြှင့်နိုင်စေမယ့်အချက်များ အကြံပြုတင်ပြလိုခြင်းပဲ ဖြစ်ပါတယ်။ ဆွေးနွေးပွဲက ကျစ်ကျစ်လျစ်လျစ်ဖြင့် စုစည်းတင်ပြနိုင်မယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံများရဲ့ ဆုံးဖြတ်ချက် ချမှတ်ပေး မယ့်သူများအနေနဲ့ လိုရင်းတိုရှင်း မြင်တွေ့ပြီး ဆွေးနွေးနိုင်ဖို့၊ ဆုံးဖြတ်နိုင်စေဖို့အတွက် အဲဒီ ဘာသာရပ်များကို ဦးစားပေးရွေးချယ်ဆွေးနွေးခြင်း ဖြစ်ပါတယ်။
မေး ။ ။ ကုလသမဂ္ဂ UNSDG Agenda 2030 ပန်းတိုင်ကို နိုင်ငံတကာက ဝိုင်းဝန်းဖော်ဆောင် နေတာ ရှိပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ ပန်းတိုင် များမှာ လမ်းကြောင်း - ၂ (Track II) မဟာဗျူဟာ လေ့လာရေးကဏ္ဍအနေနဲ့ သမာရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကဏ္ဍ ပါဝင်အရေးပါမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပါဝင်ပူးပေါင်းဆောင် ရွက်နေမှုအပေါ် သဘောထားအမြင်ကို သိလို ပါတယ်။
ဦးသန်းထွန်း(မော်လမြိုင်)ဖြေ ။ ။ ဒီမေးမြန်းထား
တဲ့ ကိစ္စနဲ့
ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ လမ်းကြောင်း-၂ သံတမန်ရေးရာကဏ္ဍကနေ ပြန်လည်ဖြေကြား ပါမယ်။ ကုလသမဂ္ဂရဲ့ထောင်စုနှစ်ဖွံ့ဖြိုးရေး (MDG) မျှော်မှန်းချက် ပန်းတိုင်များအပြီး၊ အာဂျင်ဒါ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၇) ရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီပန်းတိုင်များထဲကနေ သမာရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကဏ္ဍနဲ့ စပ်လျဉ်းတဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်အောင် ဆောင်ရွက်ရေး၊ ငတ်မွတ်ခေါင်းပါးမှုချုပ်ငြိမ်းရေး၊ စားရေရိက္ခာ ဖူလုံရေးများကို ဆောင်ရွက်ဖို့နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ငွေဖြူငွေမည်း ခဝါ ချမှု ကိစ္စတွေမှာ အီလက်ထရွန်နစ် ကွန်ပျူတာ အသုံးပြုပြီး ဆိုက်ဘာလုံခြုံရေး ဖောက်ဖျက်ခြင်း၊ အကြမ်းဖက်မှု ကိစ္စရပ်များအတွက် ငွေကြေးရန်ပုံငွေ ထောက်ပံ့တဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ပါဝင် ဝိုင်းဝန်းတိုက်ဖျက်ရန်များ ပါရှိထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးနဲ့ စပ်လျဉ်းတဲ့ နိုင်ငံတကာ ဖြတ်ကျော် ရာဇဝတ်မှုများ Spillover မပြန့်ပွားရေး၊ တိုက်ဖျက် ရေးများအတွက် မိမိတို့လမ်းကြောင်း-၂ (Track II) သံတမန်ရေးရာနဲ့ မဟာဗျူဟာလေ့လာရေးအဖွဲ့ တွေက တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ပြီး ပြည်သူ တွေကို အသိပေးခြင်း၊ စုပေါင်းအဖြေရှာခြင်းများ ဆောင်ရွက်ကြလျက် ရှိပါတယ်။
လမ်းကြောင်း-၁ (Track I) ဖြစ်တဲ့ နိုင်ငံတော် အစိုးရဌာနတွေကလည်း နိုင်ငံတွင်း အကြမ်းဖက်မှု တားဆီးတိုက်ဖျက်ရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရေးများအတွက် “အကြမ်းဖက် တိုက်ဖျက်ရေးနည်းဥပဒေများကို ၁-၃-၂၀၂၃ ရက်စွဲ နဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၃၉/ ၂၀၂၃ ထုတ်ပြန် ထားရှိတာကို သတင်းများအရ သိရပါတယ်။
မေး ။ ။ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စများမှာ ပါဝင်တဲ့ အကြမ်းဖက်မှုများ ပပျောက် ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ လမ်းကြောင်း-၁ ကဏ္ဍကနေ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက် နေတာ သိရပါတယ်။ လမ်းကြောင်း-၂ အပိုင်းက သံတမန်ရေးရာ နည်းလမ်းမှလည်း ပါဝင်ပံ့ပိုးခြင်း collaborate ပြုနေတာတွေကိုလည်း သိလိုပါ တယ်။
ဦးသန်းထွန်း(မော်လမြိုင်)ဖြေ ။ ။ အကြမ်းဖက်မှု လုပ်ရပ်များဟာ တိုင်းပြည်ရဲ့ ရန်သူပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာတွေကို နှောင့်ယှက်ခြိမ်းခြောက်လျက် ရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့အစည်းများကလည်း ထုတ်ဖော် ပြောဆိုကြပါတယ်။ မိမိတို့အနေနဲ့ အေးချမ်းသာယာ တဲ့ကမ္ဘာကြီးတည်ဆောက်နေကြချိန်မှာ နိုင်ငံတကာ အကြမ်းဖက် လုပ်ရပ်များကို နေရာပေးဖို့အကြောင်း မရှိပါ။ လမ်းကြောင်း-၁ နဲ့ အစိုးရများက ဝိုင်းဝန်း တိုက်ဖျက်နေကြသလို၊ လမ်းကြောင်း-၂ (Track II)မဟာဗျူဟာလေ့လာရေး အသိုင်းအဝိုင်းများက လည်း အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်ပုံသဏ္ဌာန်၊ လုပ်ရပ်နဲ့မှ လက်ခံခြင်း၊ လျစ်လျူရှုခြင်းများ ပြုဖို့ မဖြစ်နိုင်ကြပါ။
ဒါ့ကြောင့် မိမိတို့ဒေသတွင်းမှာ အမျိုးသားလုံခြုံ ရေးကို အလေးထားပြီး သမားရိုးကျ လုံခြုံရေးဆိုင်ရာ ကဏ္ဍ Traditional Security ၊ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကဏ္ဍများ (Non- Traditional Security )များကို ဖောက်ဖျက်ကျူးလွန်ကာ၊ ဒေသ တွင်း တစ်နေရာရာမှာ ဖြစ်ပွားနေတာတွေက တခြား တစ်နေရာကို ကူးစက်ပြန့်ပွားမှု spillover မဖြစ်ပွား ဖို့အရေးကြီးသလို လိုလည်းလိုအပ်ပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများဖြစ်တဲ့၊ ဆင်းရဲမှု ပပျောက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ငတ်မွတ် ခေါင်းပါးမှုချုပ်ငြိမ်းရေး၊ အကြမ်းဖက်မှုကိစ္စရပ် များကို အားပေးထောက်ကူလျက်ရှိတဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုခင်းတိုက်ဖျက်ရေး၊ အီလက် ထရွန်နစ်ဆိုက်ဘာနည်းလမ်းနဲ့ ငွေမည်းမှ ငွေဖြူ ခဝါ ချမှုဖြင့် အကြမ်းဖက်သမားများကို ငွေကြေးရန်ပုံ ငွေထောက်ပံ့ခြင်း တိုက်ဖျက်ရေး၊ ဆိုက်ဘာကွန်ပျူ တာမှ လောင်းကစားမှုများ၊ Skimming online defraud ငွေကြေးလိမ်လည် တောင်းခံမှုတွေကို လမ်းကြောင်း-၁ ဌာနဆိုင်ရာများမှ အရေးယူ ဆောင်ရွက်နေကြသလို လမ်းကြောင်း-၂ မဟာ ဗျူဟာလေ့လာရေးအဖွဲ့များကလည်း ယခုလို ဆွေးနွေးပွဲများ ကျင်းပပြီး စုပေါင်းအဖြေရှာကြရမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ အကြံပြုချက်များနဲ့ ရလဒ် များကို သက်ဆိုင်ရာနိုင်ငံများနဲ့ ညှိနှိုင်းတင်ပြပေးမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ။
သတင်းအဖွဲ့