ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြား

နေပြည်တော်   ဇူလိုင်   ၁၁


ကျန်းမာရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်  ယနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပသည့် ပြည်သူ့ကျန်းမာရေး နှင့် သံခင်းတမန်ခင်း နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။ 


ဖွင့်ပွဲ    အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊   ကျန်းမာရေးနှင့် မိသားစုရေးရာဝန်ကြီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏   ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့က ကြိုဆို နှုတ်ခွန်းဆက်စကား  ပြောကြား သည်။


အလေးအနက်တန်ဖိုးထား


ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား   ပြောကြား ရာ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ  သံခင်းတမန် ခင်းဆိုသည်မှာ        ပြည်သူ့ ကျန်းမာရေးနှင့်     နိုင်ငံရေးတွင်    ပါဝင်ပတ်သက်သူများ အကြား   အပြန်အလှန် ကိုယ်စားပြုနိုင်ရေး    ရည်ရွယ်ချက်ဖြင့် ရွေးချယ်ထား သော နည်းလမ်းဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ အငြင်းပွားမှု    ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ကျန်းမာရေးစနစ်များကို  ပိုမို ကောင်းမွန်လာစေခြင်းနှင့်  ထိရှ လွယ်သော     အသိုက်အဝန်း၏ အခွင့်အလမ်းများ    လုံခြုံစေနိုင် ခြင်းများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ  အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံ များနှင့် လိုက်လျောညီထွေသဟ  ဇာတဖြစ်စေသည့်   ဆက်ဆံရေး ဖြစ်သော   ရေရှည်တည်တံ့ခိုင်မြဲ သော    ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက်မှု များရရှိစေရေးအတွက် ငြိမ်းချမ်း စွာ    အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်      လေးစားမှုနှင့် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှု များကို အနီးကပ်ပူးပေါင်းဆောင် ရွက်မှုများအား    အခြေခံသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေးကို အလေးအနက်တန်ဖိုးထား ပါကြောင်း။


မြန်မာနိုင်ငံသည်   ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးစိန်ခေါ်မှုများ ကို ဖြေရှင်းရန်အတွက် အခြား နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။ 


နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်


 မိုခါ   ဆိုင်ကလုန်းမုန်တိုင်း ကြောင့်  ထိခိုက်ခဲ့သည့်   ရခိုင် ပြည်နယ်မှ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ   ပေးအပ်ခဲ့သော ဘဂလားဒေ့ရှ်နိုင်ငံ   အစိုးရကို ကျေးဇူးတင်ရှိပါကြောင်း၊   ယခု ကျင်းပသော နိုင်ငံတကာဆွေးနွေး ပွဲမှတစ်ဆင့် လက်ရှိရင်ဆိုင်နေရ သော ပြည်သူ့ကျန်းမာ‌ရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံ ကြား ပိုမိုပူးပေါင်းဆောင်ရွက်သွား နိုင်မည်ဟု  ယုံကြည်မျှော်လင့်ပါ ကြောင်း ပြောကြားသည်။ 


ဆက်လက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး     စုပေါင်း မှတ်တမ်းတင်   ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်းအနားကို     ရုပ်သိမ်း လိုက်သည်။


 ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်က တက်ရောက် လာသည့်နိုင်ငံများမှ    နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်   ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက် ရာ    ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်   ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့   ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ   ပြန်လည် လက်ခံနိုင်ရေးအတွက် မူလအခြေ အနေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါ ကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ် နေရေးဆိုင်ရာ   ကိစ္စရပ်များကို အကောင်းဆုံး   ပြင်ဆင်ဆောင် ရွက်ထားပြီး ပြန်လည်လက်ခံရန် အဆင်သင့်    ဖြစ်နေပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ  အစိုးရအနေ ဖြင့် အမြန်ဆုံးပြန်လည်ပို့ဆောင် နိုင်ရေး   စီစဉ်ဆောင်ရွက်ပေးစေ လိုပါကြောင်း    တွေ့ဆုံရှင်းလင်း ပြောကြားသည်။


ဆေးဝါးများထုတ်လုပ်နိုင်ရေး


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်သမ္မတ နိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Mr. Zahid maleque နှင့် ဒါကာမြို့ Pan Pacific Hotel အစည်းအဝေး ခန်း၌တွေ့ဆုံ၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊   ကျန်းမာရေးလူ့ စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ ကူးစက်မြန် ရောဂါများ ကာကွယ်တားဆီးရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆေးဝါးများ  ထုတ်လုပ်နိုင် ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dr.A.K Abdul Momen က ဒါကာမြို့State Guest  House - Jamuna   ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ သို့ တက်ရောက်သည်။ 
အဆိုပါ ပြည်သူ့ကျန်းမာရေး နှင့် သံခင်းတမန်ခင်း နိုင်ငံတကာ ဆွေးနွေးပွဲ၏    ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို   မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ပြီး    အခမ်းအနားသို့ တက်ရောက်လာသည့်   နိုင်ငံ အသီးသီးမှ    ကိုယ်စားလှယ်များ က  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။ 


အဆိုပါ      ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဇူလိုင်   ၁၁ ရက်မှ   ၁၂   ရက် အထိ   ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်    သမ္မတနိုင်ငံ   ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊   အရှေ့တောင် အာရှ   ဒေသဆိုင်ရာနိုင်ငံများမှ  နိုင်ငံခြားရေးဝန်ကြီးများ၊ ကျန်းမာ ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊   ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့်  နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများမှ  ပညာရှင်များ၊ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ    မြန်မာ သံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် သံအမတ်ကြီးများနှင့် နိုင်ငံပေါင်း   ရှစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်