
စစ်တွေ ဇူလိုင် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် လိုက်ပါလာသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ မြေပုံမြို့နယ် နှင့် ပေါက်တောမြို့နယ်များ အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး ကြသည်။
ညှိနှိုင်းဆွေးနွေး
ဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်အဖွဲ့သည် စစ်တွေမြို့ အမှတ် (၁၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသို့ သွားရောက်ပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည် ပြုပြင်နေမှု၊ ယာယီဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ ရဲတပ်ဖွဲ့ခွဲမှူးရုံး၌ မိုခါမုန်တိုင်း ဒဏ်ကြောင့် အဆောက်အဦများ နှင့် နေအိမ်တန်းလျားများ ပြုပြင် ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအမံများကို ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်တွေ လေဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမော်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် လေဆိပ် အဆောက်အဦများ၊ ဝန်ထမ်း အိမ်ရာများ ပျက်စီးခဲ့မှု၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုများကို ရှင်းလင်း တင်ပြရာ ဗိုလ်ချုပ်ကြီး မြထွန်းဦး က လေယာဉ်ကွင်းနှင့် လေဆိပ် အဆောက်အဦများ သန့်ရှင်း သာယာရေး၊ လေယာဉ်ပြေးလမ်း တစ်ဖက်တစ်ချက်နှင့် လေယာဉ် ရပ်နားရန်နေရာအနီးရှိ ချုံနွယ် ပေါင်းမြက်များ ရှင်းလင်းဆောင် ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ သွား ရောက် ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးနှင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြည်နယ် မန်နေဂျာတို့က မုန်တိုင်းဒဏ် ကြောင့် ပြတ်တောက်ခဲ့သည် ဆက်သွယ်ရေးလိုင်းများ၊ အဝေး ဆက်သွယ်ရေး လမ်းကြောင်းများ၊ ရုံးအဆောက်အဦများနှင့် ဝန်ထမ်း အိမ်ရာများ ပြုပြင်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဆက် သွယ်ရေးရုံးဝင်းအတွင်း ယာယီ တာဝါတိုင် တည်ဆောက်ထားရှိမှု နှင့် တာဝါတိုင်အသစ် တည် ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဆိပ်ခံ တံတားသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ထိုမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွား ရောက်ကာ ဝန်ထမ်းများ ရုံးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဘဏ်ငွေတိုက် နှင့် ဘဏ်လုံခြုံရေး ရဲကင်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် အမှတ် (၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသို့ သွားရောက်ပြီး အစည်းအဝေး ခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား တွေ့ဆုံအားပေး စကားပြောကြားကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။
ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြေပုံမြို့ သို့ သွားရောက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် မြေပုံမြို့နယ် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ကြီးကြပ်ဆောင် ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူး ချုပ် ကျော်ကျော်စိုးက မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများအပေါ် ရှင်းလင်းဆောင်ရွက် ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်း များ စနစ်တကျ ဖြန့်ဝေထားရှိမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးက မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို စည်းစည်း လုံးလုံးဖြင့် ဆောင်ရွက်နေကြ သည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာန ဆိုင်ရာများအနေဖြင့် မြို့မိ၊ မြို့ဖ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းကာ ပြန်လည်ထူထောင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို ပူးပေါင်းဆောင်ရွက်သွား ကြရန် ပြောကြားသည်။ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ သည် မြို့မရဲစခန်းနှင့် စခန်း အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြန်မာ့စီးပွားရေးဘဏ် သို့ သွားရောက်၍ ဝန်ထမ်းများ အား တွေ့ဆုံ အားပေးစကား ပြောကြားကာ ဘဏ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ပေါက်တော မြို့သို့သွားရောက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲ တွင် ပေါက်တောမြို့နယ်၌ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ဆန်နီအုန်း က ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်း များ ရောက်ရှိနေမှု၊ စနစ်တကျ ဖြန့်ဝေထားရှိမှု၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြသည်။
ပေါင်းစပ်ညှိနှိုင်း
တင်ပြချက်များ အပေါ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မုန်တိုင်း တိုက်ခတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး၊ သာသနိကအဆောက် အဦများကို ဦးစားပေး ဆောင် ရွက်ခဲ့မှု၊ မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ထွန်စက် နှင့် လက်တွန်း ထွန်စက်များ ဖြန့်ဖြူးပေးထားမှု၊ အထွက်နှုန်း ကောင်းသည့် မျိုးစပါးများ ဖြန့်ဝေ ပေးနေမှု၊ ဆက်သွယ်ရေးလိုင်း များ ကောင်းမွန်အောင်ဆောင်ရွက် ခဲ့မှုနှင့် လျှပ်စစ်မီးများ ရရှိအောင် ဆောင်ရွက်ခဲ့မှုနှင့် ကျေးရွာများ အထိ လျှပ်စစ်မီးများရရှိနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်