နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ   စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ  
စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို
သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဇူလိုင်   ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ် စစ်တွေမြို့ ကျက်သရေဆောင်    လောကာနန္ဒာဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။


ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊   အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်သည်။


ထို့နောက် စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများ အား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဆက်လက် ပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊    အဖွဲ့ဝင်များသည်    ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသီရိ အမှူးပြုသည့်   သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ဆက်လက်၍     သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့်  မေတ္တသုတ်  ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   ဇနီးတို့က     နန္ဒာရာမ   ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံသို့ ဝါဆိုသင်္ကန်း၊ ဆွမ်း ဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြ သည့်   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊   ဒေါက်တာ အောင် ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများက    သံဃာတော်များထံ    လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊   အဖွဲ့ဝင်များ သည်      မြို့နယ်ဩဝါဒါစရိယ၊    စစ်တွေမြို့    တပ်ဦး ဆုတောင်းပြည့်    ပရိယတ္တိစာသင်တိုက်   ပဓာန နာယက  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ ထံမှ အနုမောဒနာ တရားနာယူကြည်ညိုကြပြီး      လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။


ယင်းနောက် အခမ်းအနားကို  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်သို့        သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိပါလ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  မုန်တိုင်းဒဏ်ကြောင့် ကျောင်းတိုက် အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို မေးမြန်း လျှောက်ထားပြီး    လိုအပ်သည်များကို    ပြန်လည် ပြုပြင်    ဆောင်ရွက်ပေးမည့်    အခြေအနေများကို လျှောက်ထားတင်ပြသည်။


လှည့်လည်ကြည့်ရှု


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေ များနှင့် ကျောင်းဝင်းအတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်   ထိခိုက်ပျက်စီးခဲ့မှု  အခြေအနေများကို လှည့်လည်ကြည့်ရှု၍ ယခုကျောင်းတိုက်ကြီးသည် သမိုင်းဝင်ကျောင်းတိုက်ကြီးဖြစ်သဖြင့်   ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင်    မူလ လက်ရာများအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက် ပေးရန်လိုကြောင်း၊ အလားတူ သကျမုနိဘုရားကြီး သိမ်တော်ကြီးကိုလည်း   လတ်တလော    ဦးစားပေး ပြုပြင်ရမည့်  အမိုးများကို  အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အကာများ ပြုပြင်ရာ တွင်လည်း မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးရန်လိုကြောင်း၊  ဘုရားဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေးကိုလည်း    ဆောင်ရွက်ပေးရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များအား တာဝန်ရှိ သူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်