
နေပြည်တော် ဇူလိုင် ၁၁နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန လျှိုပိတ်ဆည်ဘေး မြေကွက်လပ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ် ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်းနှင့် အမှုထမ်းများ တက်ရောက်ကြပြီး ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ် နေရာအသီးသီးတွင် မန်ဂျန် ရှားပင်နှင့် ပိတောက်ပင် စုစုပေါင်း အပင် ၆၂၀ စိုက်ပျိုးပေးကြ ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဝန်ထမ်းများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်