
ပဲခူး ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၌ အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇူလိုင် ၁၀ ရက်က တော်ဝင်ဟံသာခန်းမ၌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါး စိုက်ပျိုးသည့် ရာသီ ရောက်ရှိပြီဖြစ်၍ လျာထားဧက အတိုင်း မိုးစပါး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ နှင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးအတွင်း မိုးရေချိန် နည်းပါး သည့် ဒေသများအတွက် ရေ အနည်းလို (YAR-14) အထွက်နှုန်း ကောင်း မျိုးစပါးကို သက်ဆိုင်ရာ မျိုးစေ့ခြံများတွင် မျိုးကောင်း မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင် ရေး စိုက်ပျိုးထားပြီးဖြစ်၍ လိုအပ် သည့် မြို့နယ်များအား အချိန်မီ ဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ ဆီဖူလုံပိုလျှံမှုရှိစေရေး အထွက် ကောင်းသည့် စပ်မျိုးများအား အမှန်တကယ် စိုက်ပျိုးအောင်မြင် နိုင်သည့် မြေနုကျွန်းများတွင် စိုက်ပျိုးရန် လိုအပ်ပြီး ဆီစက် လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ချိတ်ဆက် ဝယ်ယူကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ယာမြေများတွင် နှမ်း စိုက်ပျိုးနိုင်ရေး အထွက်နှုန်းကောင်း နှမ်းမျိုးများအား ပြောင်းလဲပေးရန် လိုအပ်ကြောင်း၊ ပဲတီစိမ်းသည် ပန်းတိုင်အထွက်နှုန်း ကျော်လွန် သော်လည်း မတ်ပဲအတွက် လိုအပ် သည့် (ရေဆင်း-၂၊ ရေဆင်း-၃)မျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ မွေးမြူရေးတိရစ္ဆာန် အစားအစာ ထုတ်လုပ်နိုင်ရေး ပဲအမျိုးမျိုးနှင့် ပြောင်းတိုးချဲ့ စိုက်ပျိုးရေး မြို့နယ်အလိုက် စီမံ ချက်များ ချမှတ်၍ စနစ်တကျ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ ဝါသီးနှံအတွက် မိရိုးဖလာ စိုက်ပျိုး လျက်ရှိသည့် ဝါအမျိုးအစားမှ အထွက်နှုန်းကောင်းသော(ရာကာ- ၆၆၆၊ B-31 ကဲ့သို့သော ချည်မျှင် ရှည်ဝါမျိုးများ) တောင်သူလက်ဝယ် ရရှိစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကြံသီးနှံနှင့် ပတ်သက်၍ အခင်းသစ်များတွင် အထွက်နှုန်းကောင်းသော်လည်း လမိုင်းခင်းများတွင် အထွက်နှုန်း လျော့ကျနေသည့် အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး သက်ဆိုင်ရာ စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့များ က အထူးအလေးထား ကြီးကြပ် ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး များက ဒေသအလိုက် စိုက်ပျိုး သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး အားသာချက်/အားနည်း ချက်များနှင့် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးရမည့် အခြေအနေ များကို လည်းကောင်း၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ က သီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိရေး ကဏ္ဍအလိုက် ပံ့ပိုး ဆောင်ရွက်ပေးမည့် အခြေအနေ များကို လည်းကောင်း တင်ပြ ဆွေးနွေးရာ တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် က ဖြည့်စွက်အကြုံပြုတင်ပြခဲ့မှု ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)