၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 


နေပြည်တော်  ဇူလိုင်   ၆ 


ရခိုင်ပြည်နယ်     တောင်ကုတ် မြို့နယ်ရှိ    မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ    ဆင်မဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်   နံနက် မင်္ဂလာအချိန်  ၆  နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော် လေးမှာ မွေးဖွားစတွင်   အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ် အလေးချိန်  ပေါင်   ၁၈၀   ခန့် ရှိသည်။

ဆင်ဖြူတော်ကလေး၏  ဘွဲ့နာမံတော်မှာ  “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၈ ချက်အနက်  မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါး ပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခု စီ ပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။    


အထက်ပါ  ဆင်ဖြူတော်လေး  “ရဌနန္ဒက” သည်   ယခုအသက် ၁၁ လခွဲသား အရွယ်တွင် အရပ်အမြင့် ၃ ပေ ၁၀ လက်မ၊  ကိုယ်လုံး လုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၆၇၀ ရှိလာပြီး ရတနာ ဆင်ဖြူတော်  ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊   နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင်   မိခင်ဆင်မကြီးနှင့်အတူ   ကျန်းမာ ပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ် ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါး လာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေ ရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training ” ဖြင့် လေ့ကျင့််သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  
သတင်းစဉ်