Wing India 2024 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ကြား

အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ မြို့ပြလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန အိန္ဒိယလေဆိပ် အာဏာပိုင်အဖွဲ့နှင့် အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က ဦးစီး၍ Wing India 2024 ကို   ၁၈-၁-၂၀၂၄ မှ   ၂၁-၁-၂၀၂၄  ရက်အထိ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ Begumpet လေဆိပ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ စီစဉ်စေလွှတ်နိုင် ရေးနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပါဝင်တက်ရောက်ပြသနိုင်ရေး အတွက် မြို့ပြလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားလာ သည်။ 
ဖလှယ်ဆောင်ရွက်
အဆိုပါပြပွဲသည် အိန္ဒိယမြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ၏ လူသိများထင်ရှားသည့် အခမ်းအနားတစ်ခုဖြစ်ပြီး ပြပွဲများ၊ Static Display များ၊ ကွန်ဖရင့်များ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အမှုဆောင် အရာရှိချုပ်များဖိုရမ်၊ B2B/ G2G အစည်းအဝေးများ၊ ဆုချီးမြှင့်ခြင်း အခမ်းအနား၊ ယဉ်ကျေးမှုဖျော်ဖြေပွဲ၊ စီးပွားရေးချိတ်ဆက်ဆောင်ရွက် နိုင်ရေး ညစာစားပွဲများ၊ ကျောင်းသူ ကျောင်းသားများ၏ လေ့လာရေး အစီအစဉ်များ စသည့်ကဏ္ဍမျိုးစုံ ပါဝင်မည်ဖြစ်ပြီး လေကြောင်းခရီး သွားလာမှုဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများနှင့် အခွင့်အလမ်းများ၊ အတွေးအခေါ် ထင်မြင်ယူဆချက်များကို ဖလှယ်ဆောင်ရွက်မှု မြှင့်တင် နိုင်မည်ဖြစ်သည်။ 
အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့     ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@myantrade.gov.mm ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင် ကြောင်း သိရသည်။