
ဂျေရုဆလင် ဇူလိုင် ၆
အစောပိုင်းက အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည် နှစ်စင်းဖြင့်တိုက်ခိုက်ခဲ့သော စစ်သွေးကြွများရှိသည့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသ တစ်ခုသို့ အစ္စရေးစစ်တပ်က ဇူလိုင် ၆ ရက်တွင် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်း ရှိ နယ်ပယ်များကို ပစ်မှတ်ထားပြီး အမြောက် ဖြင့် ၁၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံ ပိုင် Kan ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထား သည်။ နယ်စပ်၏ နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပျက်စီးမှုများကို ချက်ချင်းထုတ်ပြန် ထားခြင်း မရှိသေးပေ။
အစ္စရေးပိုင်နက်၌ နယ်နိမိတ်နှင့် ကပ်လျက် တွင် ပေါက်ကွဲခဲ့သည့် လက်ဘနွန်နိုင်ငံမှ ဒုံးကျည် တစ်စင်းကို တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အစ္စရေး စစ်တပ်က နောက်ခံထားသည့် ဘူဒိုဇာတစ်စီး သည် နယ်စပ်တစ်လျှောက် အကာအကွယ်တစ်ခု တည်ဆောက်ရန်ကြိုးစားခဲ့သော်လည်း လက်ဘနွန် စစ်တပ်က ဆုတ်ခွာရန်ဖိအားပေးခံခဲ့ရပြီး တစ်ရက် အကြာတွင် အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ