ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၆
ငွေကြေးခဝါချမှုနှင့်    အကြမ်းဖက်မှုကို   ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့    အစည်း အဝေးကို   ယနေ့နံနက်ပိုင်းက   နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ   မြန်မာနိုင်ငံတော်    ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံတော်   ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု  တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဝင် များ၊ အမြဲတမ်းအတွင်းဝန်များနှင့်   ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်   ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များ၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အထူးအလေးထား    စိစစ်သည့်နည်းလမ်းများကို ဆောင်ရွက်သည့်အခါတွင်    လူသားချင်းစာနာမှု အတွက် အထောက်အပံ့ပေးသည့်    ငွေကြေးများ၊ ပရဟိတ အဖွဲ့အစည်း(NPO)များ၏ တရားဥပဒေနှင့် ညီညွတ်သောလုပ်ဆောင်ချက်များ၊ ငွေလွှဲပြောင်းမှု များကို  အနှောင့်အယှက်မရှိစေရန်   အလေးထား ဆောင်ရွက်သင့်သည်ဟု ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) ၏စာတမ်းတွင် ဖော်ပြ ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့သို့ တင်ပြရသည့် တိုးတက်မှုအစီရင်ခံစာပါ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (Action Plan)ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင် ၉ ရက်မှ ၁၄ ရက် အထိ ကျင်းပပြုလုပ်မည့် APG Annual Meeting တွင် မြန်မာ-ICRG  နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုများနှင့်  အခြားသက်ဆိုင်သော APG Issue များ ဆွေးနွေးမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံရှိ  အစိုးရ မဟုတ်သောအဖွဲ့အစည်း (NGO)၊ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့ (INGO) များ၏ လုပ်ငန်းဆောင်ရွက် မှုများ၊ နိုင်ငံတကာငွေလွှဲပြောင်းလက်ခံခြင်းများနှင့် စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များ နှင့်အညီ  စနစ်တကျစိစစ်ဆောင်ရွက်ရန်   လိုအပ် ကြောင်း၊  ဌာနဆိုင်ရာများအနေဖြင့်   စံသတ်မှတ် လုပ်ထုံးလုပ်နည်း(SOP)များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်  ဦးကျော်ဝင်းသိန်းက   နိုင်ငံ၏ အကျိုးစီးပွားအတွက်  NPO  အဖွဲ့အစည်းများကို FATF ၏ အကြံပြုချက်အမှတ် ၈ ပါ စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်း အဖွဲ့အစည်းများ၏    မှတ်ပုံတင်‌ဆောင်ရွက်မှုများ၊ MOU လက်မှတ်ရေးထိုးမှုများနှင့် ငွေလွှဲပြောင်းမှု များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် SOP၊ Guideline များနှင့် Timeline များ  ချမှတ်‌ဆောင်ရွက်စေလိုကြောင်း    ဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ က NGO နှင့် INGO အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ၎င်းတို့ တာဝန်ယူဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  
သတင်းစဉ်