အထွက်နှုန်းအလွန်ကောင်းသော မျိုးစပါးများကို ယုံယုံကြည်ကြည်ဖြင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြစေလို၊ လိုအပ်သောနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးပေးမည်

 

စစ်တွေ   ဇူလိုင်  ၆
ရခိုင်ပြည်နယ်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီး များ၊       ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းက   စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ    မိုခါ မုန်တိုင်းဘေးသင့်  တောင်သူများ အား    မျိုးစပါးနှင့်     ဟင်းသီး ဟင်းရွက်မျိုးစေ့များ   ထောက်ပံ့ ပေးအပ်ပွဲသို့    တက်ရောက်ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့နယ် ရွာသစ် ကေကျေးရွာ     ဘုန်းတော်ကြီး ကျောင်းဆရာတော်အား  ဖူးမြော် ကြည်ညိုပြီး   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ     မိုခါ မုန်တိုင်းကြောင့်   ပျက်စီးခဲ့ရသည့် သာသနိက    အဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှု     အခြေ အနေကို လျှောက်ထား၍   လိုအပ် သည်များကို  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း    ဖြည့်ဆည်းပေး သည်။ 
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်       အဆိုပါ ဘုန်းတော်ကြီးကျောင်း   ဓမ္မာရုံ၌ ပြုလုပ်သည့်    စစ်တွေမြို့နယ်မှ မိုခါမုန်တိုင်းဘေးသင့်   တောင်သူ များအား   မျိုးစပါးနှင့်    ဟင်းသီး ဟင်းရွက်မျိုးစေ့များ  ထောက်ပံ့ ပေးအပ်ပွဲသို့     တက်ရောက်ကြ သည်။ 
အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်က   မိုးစပါးစိုက်ပျိုး ရာသီတွင်   တောင်သူများ   မျိုး လိုအပ်ခြင်းကြောင့်  စိုက်ဧကများ လျော့နည်းခြင်းမရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှုဖြင့် မျိုးစပါးများကို နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊  ရန်ကုန်တိုင်းဒေသ ကြီးများမှ ဝယ်ယူပြီး ရခိုင်ပြည်နယ် ရှိ    မျိုးစပါးလိုအပ်ချက်ရှိသည့် မြို့နယ်များသို့  သယ်ယူပို့ဆောင် ခြင်း၊   ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကို    ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့နယ်၌လည်း      ယခု ကဲ့သို့ တောင်သူများအား ထောက်ပံ့ ဖြန့်ဖြူးပေးလျက်      ရှိကြောင်း၊ မျိုးကောင်း  မျိုးသန့်   မျိုးစေ့များ ဖြစ်သည့်အတွက်   လာမည့်နှစ်များ တွင်လည်း   ဆက်လက်စိုက်ပျိုးနိုင် ရေးအတွက်   မျိုးထိန်းစိုက်ပျိုးခြင်း လုပ်ငန်းများကိုပါ    ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊   အထွက်နှုန်း အလွန်ကောင်းသော   မျိုးစပါး များကို    ယုံယုံကြည်ကြည်ဖြင့် နည်းစနစ်မှန်ကန်စွာ      လိုက်နာ စိုက်ပျိုးကြစေ    လိုကြောင်းနှင့် လိုအပ်သော    နည်းစနစ်များကို လည်း  စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးပေးမည်    ဖြစ်သည့်အတွက် ကျေးရွာသူ၊   ကျေးရွာသားများ၊ တောင်သူဦးကြီးများ၊   ဌာနဆိုင်ရာ များအနေဖြင့်   ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းပါဝင်  ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက်       ပြည်နယ် ဝန်ကြီးချုပ်၊    ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊   တာဝန်ရှိ သူများက     တောင်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား မျိုးစပါးနှင့်    ဟင်းသီးဟင်းရွက် မျိုးစေ့များကို    ပေးအပ်ကြရာ တောင်သူတစ်ဦးက  ကျေးဇူးတင်  စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍  ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် အခမ်းအနား သို့   တက်ရောက်လာကြသူများ အား    သီးစုံဒံပေါက်များ   ဝေငှ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုဏ္ဏားကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး    အစည်း အဝေးခန်းမ၌ ကျင်းပသော  မိုခါ မုန်တိုင်းဘေးသင့်  တောင်သူများ အား     မျိုးစပါးနှင့်   ဟင်းသီး ဟင်းရွက်  မျိုးစေ့များ   ထောက်ပံ့ ပေးအပ်ပွဲသို့      တက်ရောက်ကြ သည်။
အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်က  အဖွင့်အမှာစကား ပြောကြားပြီး   ပြည်နယ်ဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးများ၊  တာဝန်ရှိသူများက တောင်သူများနှင့်    ကျေးရွာသူ၊ ကျေးရွာသားများအား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်  မျိုးစေ့များကို ပေးအပ်ကြရာ  တောင်သူ တစ်ဦးက      ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်   ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်ရှိ    အခြေခံ ပညာ   အထက်တန်းကျောင်းခွဲသို့သွားရောက်ပြီး       အသက်ငါးနှစ် အထက် ကျောင်းသား၊ ကျောင်းသူ များအား  ကိုဗစ် - ၁၉   ရောဂါ ကာကွယ်ဆေး   ထိုးနှံပေးနေမှုကိုသွားရောက်ကြည့်ရှု    အားပေးကြ ပြီး(ဝဲပုံ)    ဆရာ    ဆရာမများနှင့် ကျောင်းသား     ကျောင်းသူများ အတွက် သီးစုံဒံပေါက်များ   ဝေငှ ကြသည်။  ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ကျောင်း အတွင်း ကျောင်းသား ကျောင်းသူ များ  အေးချမ်းပျော်ရွှင်စွာ  ပညာ သင်ကြားနေမှုကို     လှည့်လည် ကြည့်ရှုအားပေးပြီး     ကျောင်း အတွက်     လိုအပ်သည်များကို တာဝန်ရှိသူများနှင့်     ပေါင်းစပ် ညှိနှိုင်းပေးသည်။ 
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့    ဦးရာဇ်မင်္ဂလာ ကြိုးတံတား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်သို့      သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ကြိုးတံတား ပြုပြင်တည်​ဆောက်မှုတာဝန်ခံက ကြိုးတံတားပြန်လည်ပြုပြင်နေမှု နှင့်   ပတ်သက်၍   ရှင်းလင်း တင်ပြသည်။ ယင်းကြိုးတံတားမှာ အရှည်ပေ ၃၂၀ ၊ တံတားအကျယ် ၇ ပေ ၆ လက်မ၊ တံတားအောက် ကင်းလွတ်အမြင့် ၁၃ ဒသမ ၁၃၄ ပေရှိပြီး       နိုင်ငံတော်အစိုးရထံ က    ခွင့်ပြုငွေကျပ်  ၇၉  ဒသမ ၆၅၉  သန်းဖြင့်       ပြန်လည်ပြုပြင် မွမ်းမံ     တည်ဆောက်နေခြင်း  ဖြစ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်    ပုဏ္ဏားကျွန်း မြို့နယ်   ကွန်းတောင်ကျေးရွာအနီး ၌     Advanced    Seafood Industries   ကုမ္ပဏီ၏   ကဏန်း ပျော့ မွေးမြူထုတ်လုပ်ရေးလုပ်ငန်း သို့   ရောက်ရှိပြီး   ကဏန်းပျော့ မွေးမြူရေးကန်များ၊  ကဏန်းမွေး ဖောင်များ၊   ကဏန်းအစာကျွေး ခြင်းနှင့်   ကဏန်းပျော့ကောက် ခြင်း၊ ကဏန်းရေချိုဆေးသန့်စင် ခြင်း၊    အေးခဲခြင်း၊   သိုလှောင် ခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချ ရန်   ထုပ်ပိုးပြင်ဆင်ခြင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန် ကြီးချုပ်နှင့်အဖွဲ့သည်      ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝ ဘေး    ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့  တက်ရောက်ကြသည်။ အစည်းအဝေးတွင်    လုပ်ငန်း ကော်မတီများအလိုက် ပြန်လည်   ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ နှင့်    စပ်လျဉ်း၍ အစည်းအဝေး   ဆုံးဖြတ်ချက်များအပေါ်  လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊  ဆက်လက် ဆောင်ရွက်မည့်    အစီအမံများ၊     လုပ်ငန်းတိုးတက်မှု   အခြေအနေ များနှင့်    စပ်လျဉ်းပြီး  ရှင်းလင်း    တင်ပြချက်များအပေါ်    လိုအပ် သည်များအား      ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။           
သတင်းစဉ်