ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာတာသံရုံး ယာယီတာဝန်ခံ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

 

ရန်ကုန်  ဇူလိုင်  ၆    

နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး     ဦးသန်းဆွေ သည် ကာတာသံရုံး ယာယီတာဝန်ခံ မစ္စတာ ရာရှစ် အက်ဘ်ဒူလာ အမ်.အေ. အယ်လ် - ကူဝါရီ  ကို  ယနေ့ နံနက် ၉  နာရီတွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို  နံနက်  ၁၀ နာရီ တွင်လည်းကောင်း၊     ဆော်ဒီ အာရေဗျနိုင်ငံ    သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်ကို နံနက်  ၁၁ နာရီတွင်လည်းကောင်း ၊      ကုလသမဂ္ဂ   ယာယီဌာနေညှိနှိုင်းရေး မှူးနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ     ယာယီညှိနှိုင်းရေး မှူး မစ္စတာ ရာမနသန် ဘာလာ ခရှစ်နန်ကို    မွန်းလွဲ ၁ နာရီတွင် လည်းကောင်း     ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။


ကာတာသံရုံး ယာယီတာဝန်ခံ နှင့်တွေ့ဆုံစဉ် မြန်မာ - ကာတာ နှစ်နိုင်ငံအကြား  ချစ်ကြည်ရင်းနှီး သော       ဆက်ဆံရေးတိုးတက်  ခိုင်မာရေး၊    မြန်မာ့လယ်ယာနှင့် ရေထွက်ထုတ်ကုန်များ      တင်ပို့ သွားရေး၊       နှစ်နိုင်ငံအကြား စွမ်းအင်၊   ဟိုတယ်နှင့်    ခရီးသွား လုပ်ငန်း၊          ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး    တိုးမြှင့်သွားရေး တို့ကို  ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။  ထို့ပြင်  မြန်မာ နှင့်       ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ   ပြန်လည် ပျံသန်းပြေးဆွဲသွားရေးနှင့် နှစ်နိုင်ငံ အကြား      ပူးပေါင်းဆောင်ရွက်မှု များ    မြှင့်တင်သွားနိုင်ရန်အတွက် နားလည်မှု           စာချွန်လွှာများ၊ သဘောတူစာချုပ်များ    ရေးထိုး သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။


အိန္ဒိယ    သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယအကြား ရှိရင်းစွဲ     ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး     ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား        လမ်းပန်း ဆက်သွယ်မှု    ချိတ်ဆက်ရေးနှင့် နယ်စပ်ဖြတ်ကျော်        လျှပ်စစ် ဓာတ်အားလိုင်း      သွယ်တန်းမှုတို့ အပါအဝင်  အပြန်အလှန်   အကျိုး ဖြစ်ထွန်းစေမည့်  ပူးပေါင်းဆောင် ရွက်မှုများ တိုးချဲ့ရေး၊  ဆိုင်ကလုန်း မိုခါဒဏ်သင့်ဒေသများ၌ ပြန်လည် ထူထောင်ရေးနှင့်      ပြန်လည် တည်ဆောက်ရေး    လုပ်ငန်းများ တွင်အိန္ဒိယနိုင်ငံမှ    ဆက်လက်   အကူအညီပေးသွားရေးနှင့်   ဒေသ တွင်းနှင့်     နိုင်ငံတကာမျက်နှာစာ တွင် ပိုမိုနီးကပ်စွာ   ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ်    ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။


ဆော်ဒီ      သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်        နှစ်နိုင်ငံအကြား ဆက်ဆံရေး    တိုးတက်ခိုင်မာရေး၊ မြန်မာနိုင်ငံမှ        လယ်ယာနှင့် ရေထွက်ကုန်များကို       ဆော်ဒီ အာရေဗျနိုင်ငံသို့    တင်ပို့နိုင်မည့် အခွင့်အလမ်းများ          ရှာဖွေရေး၊ စွမ်းအင်၊        ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊     အလုပ်သမား ရေးရာ၊   ယဉ်ကျေးမှု၊   ပညာရေး စသည့်ကဏ္ဍများ       အပါအဝင် နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်     နိုင်ငံတကာ မျက်နှာစာတွင်     ပိုမိုနီးကပ်စွာ ဆက်လက်   ပူးပေါင်းဆောင်ရွက် သွားရေး   စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍       ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။


ကုလသမဂ္ဂဌာနေ   ညှိနှိုင်းရေး ကိုယ်စားလှယ်နှင့်     တွေ့ဆုံစဉ် ကုလသမဂ္ဂ     အဖွဲ့အစည်းများနှင့် လက်အောက်ခံ   အဖွဲ့အစည်းများ က မိုခါမုန်တိုင်းဒဏ်သင့်  မြန်မာ ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု    အကူအညီ များ  ပေးအပ်ရာတွင်  အဆင်ပြေ ချောမွေ့ရေး၊ ထိရောက်မှုရှိစေရေး တို့အတွက်     ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်မည့်        ကိစ္စများကို ဆွေးနွေး  အမြင်ချင်းဖလှယ်ခဲ့ကြ သည်။

သတင်းစဉ်