နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးတက်ရောက်

 

နေပြည်တော်    ဇူလိုင်   ၆  


မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် အစည်း အဝေးကို ယနေ့  မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊  ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်    ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်နှင့်   Jeng Phang နော်တောင် ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝင်ပညာရှင်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြ သည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့


ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မိမိ တို့နိုင်ငံ၏ ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားအားလုံး က   ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊   အစောဆုံးမြို့ပြ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာ၊   ဗိဿနိုးနှင့်   ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း       ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး အတွက်  Nomination Dossier (Complete)  ကို  ကမ္ဘာ့အမွေအနှစ် ကော်မတီသို့  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း။


မြန်မာနိုင်ငံ၏ ထောင်ပေါင်းများစွာသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များအနက် မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်  မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို  UNESCO သို့    ၂၀၂၀  ပြည့်နှစ်က တင်ပြခဲ့သော်လည်း  ပြန်လည်ပြည့်စုံအောင်ရေးသွင်းရ မည့် အချက်အလက်အချို့ လိုအပ်နေကြောင်း အကြောင်းကြားလာသည့် အတွက် ပြန်လည်ရေးသားလျက်ရှိပါကြောင်း။


ခေတ်နှင့်ညီအောင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲထုတ်ပြန်


မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်ကိုလည်း    ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့    တင်သွင်းနိုင်ရေးအတွက်   အဆိုပြု စာတွဲကို ၂၀၂၃ ခုနှစ်  မတ် ၂၄ ရက်တွင် UNESCO သို့  ပေးပို့ခဲ့ပြီးဖြစ်ပါ ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၂၈၉ ခု ကိုလည်း မြန်မာနိုင်ငံ  အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံ တင်စာရင်း (ပထမအကြိမ်) အဖြစ်   ၂၀၂၀ ပြည့်နှစ် မတ်  ၂၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်  ၂/၂၀၂၀ ဖြင့် သတ်မှတ်ခဲ့ပြီး  ဖြစ်ပါကြောင်း၊ မိမိတို့၏      ယဉ်ကျေးမှုအမွေအနှစ်များကို   ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် လိုအပ်သည့်  ဥပဒေ၊  နည်းဥပဒေများကိုလည်း ခေတ်နှင့်ညီအောင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း။


အများပြည်သူ    အသိပညာ   ဗဟုသုတပွားများစေရန်အတွက် အကြောင်းအရာစုံ၊      ကဏ္ဍစုံပြသနိုင်မည့်    ပုဂ္ဂလိကပြတိုက်များ စနစ်တကျပေါ်ထွက်လာစေရန်နှင့် ပြတိုက်ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ရန်  လိုအပ်သည့်အတွက် မြန်မာနိုင်ငံပြတိုက်များ ဥပဒေ ကြမ်းနှင့်    ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဥပဒေ (မူကြမ်း)တို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊     မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို    ထိန်းသိမ်း စောင့်ရှောက်ရာတွင် အရေးပါသည့်ဥပဒေများကိုလည်း ပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း။
အဆိုပါဥပဒေများကို ပြဋ္ဌာန်းခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေနှင့်အညီ    ပိုမိုထိန်းသိမ်းစောင့်ရှောက်လာနိုင်ပြီး     ပြည်သူတို့ ၏    လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို    ဟန်ချက်ညီညီ ဖော်ဆောင်လာနိုင်မည်ဖြစ်သလို ထုတ်ပြန်ခဲ့သည့်ဥပဒေ၊ နည်းဥပဒေ များကို ပြည်သူလူထုအကြား ချပြရှင်းလင်းအသိပညာပေး လုပ်ငန်းများ ကိုလည်း ဆောင်ရွက်သွားရန်လိုပါကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်   ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များ       ဖော်ထုတ်ထိန်းသိမ်းတိုးတက်ပြန့်ပွားအောင်   ဆောင်ရွက်ရေး၊  နိုင်ငံတော်အတွင်းရှိ ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရာတွင်    အထောက်အပံ့ဖြစ်စေရန်    အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်   ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံနှင့် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများကို  ကိုယ်စားပြုသည့်ပြတိုက်များ  ပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံအနှံ့အပြား ပုဂ္ဂလိကပြတိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရေး၊ မြန်မာနိုင်ငံပြတိုက်များဥပဒေကြမ်း    အတည်ပြုပြဋ္ဌာန်းနိုင်ရေးတို့ကို  ရှင်းလင်းတင်ပြသည်။


ယင်းနောက်   ဗဟိုကော်မတီအတွင်းရေးမှူး   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ဒေါ်နုမြဇံ က မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ 


ဆက်လက်၍ ဗဟိုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အမှာစာများကို ရှင်းလင်းတင်ပြသည်။ 


လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက မြန်မာ နိုင်ငံ၏      ဒြပ်ရှိဒြပ်မဲ့     ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ရှာဖွေဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက်  ရှင်းလင်းဆွေးနွေးတင်ပြကြရာ   ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။


ယင်းနောက်  ကော်မတီဥက္ကဋ္ဌက တင်ပြလာသည့် အမှာစာများကို ဆက်လက်တင်ပြရန်ကိစ္စရပ်များနှင့်   ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။ 


ဆက်လက်၍  မြန်မာနိုင်ငံ   အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌက    နိဂုံးချုပ်အမှာစကားပြောကြားရာတွင်    ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များကို  ကာကွယ်ထိန်းသိမ်းကြသလို  ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပိုမိုတိုးတက်မှတ်တမ်းတင်နိုင်ရေး၊  မိမိနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အခြားနိုင်ငံများက ပုံတူကူးယူခံရမှု မှကာကွယ်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ အကြံပြုဆွေးနွေးချက်များနှင့်  လိုအပ်ချက်များကို   ကဏ္ဍအသီးသီး အလိုက်   ဆက်လက်ညှိနှိုင်း  ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း။


ဆောင်ရွက်ပြီးစီးခဲ့သည့်    အောင်မြင်မှုအားလုံးကိုလည်း   ဗဟို ကော်မတီအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း များကိုလည်း အမြန်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် မြန်မာနိုင်ငံရှိ ဒြပ်ရှိ/ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တိုင်းပြည်နှင့် လူမျိုးအတွက် ရှာဖွေဖော်ထုတ်သုတေသနပြုလုပ်ငန်းများ ပိုမိုတိုးတက် လာစေရန် အားလုံးတက်ညီလက်ညီ စိတ်အား၊ လူအားရှိသမျှ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

သတင်းစဉ်