မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ သစ်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

 

ပလက်ဝ    ဇူလိူင်   ၆


ချင်းပြည်နယ်   ပလက်ဝမြို့နယ်ရှိ ကျေးရွာများမှ   မိုခါမုန်တိုင်းဒဏ် ကြောင့်ပျက်စီးခဲ့သည့် အိမ်ထောင်  စုများအတွက်      ထောက်ပံ့ငွေ၊  သစ်နှင့်       ထောက်ပံ့ပစ္စည်းများ  ပေးအပ်ခြင်း        အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာန  ကီမိုခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်    ပလက်ဝ မြို့နယ်      သဘာဝဘေးပြန်လည်  ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်  နေဝင်းအောင်၊ ခေတ္တခရိုင်အုပ်ချုပ်  ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်ရဲတပ်  ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းဝေ၊ ခရိုင် လ.ဝ.က ဦးစီးမှူး ဦးဝင်းနိုင်၊  ခရိုင် ပညာရေးမှူး     ဦးဝင်းအောင်နှင့်  မြို့နယ်      ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ    ဒုတိယ ဦးစီးမှူး     ဒေါ်သက်ဝေခိုင်ဦးတို့ က      ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ    မိုခါမုန်တိုင်းဒဏ် ကြောင့်ပျက်စီးခဲ့သည့် အိမ်ထောင် စု ၁၃၃ စုအတွက် သစ် ၁၀ ဒသမ ၇ တန်၊ ခေါက်ဆွဲခြောက် ၃၉၉ ဖာ  နှင့် ဘေးအန္တရာယ်ဆိုင်ရာ   စီမံ ခန့်ခွဲရေးဦးစီးဌာနမှ    လူတစ်ဦး တစ်ပတ်စာဖြင့်       အိမ်ထောင်စု  ၁၃၃   စုအတွက်   ထောက်ပံ့ငွေ ၁၃၁၃၄၈၀ဝ   ကို    ထောက်ပံ့ ပေးအပ်ရာ  ကျေးရွာအုပ်ချုပ်ရေး မှူးများက    လက်ခံရယူကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)