(၅)ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲ (5th ASEF Young Leaders Summit - ASEFYLS5) ပါဝင်လျှောက်ထားနိုင်

 

(၅)ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင် များ တွေ့ဆုံပွဲ (5th ASEF Young Leaders Summit - ASEFYLS5)ကို “လူ့အဖွဲ့အစည်းအတွင်း  ခေါင်းဆောင်မှုပညာ” ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ Virtual စနစ်ဖြင့်လည်းကောင်း၊ စပိန်နိုင်ငံ Salamanca မြို့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံမှ အသက်  ၁၈ နှစ်မှ  ၃၀ နှစ်အတွင်းရှိ ရပ်ရွာဒေသတွင်း ခေါင်းဆောင်မှုအတွေ့အကြုံရှိပြီး အင်္ဂလိပ်ဘာသာ စကားကို  ကျွမ်းကျင်ပိုင်နိုင်စွာ  ပြောဆိုရေးသားနိုင်သည့်   လူငယ် ကိုယ်စားလှယ်များ ပါဝင်လျှောက်ထားနိုင်ပါသည်။


အဆိုပါတွေ့ဆုံပွဲအား လူငယ်များအတွက် ဦးဆောင်မှုအရည် အသွေးများ    ဖွံ့ဖြိုးတိုးတက်စေရန်၊   ၎င်းတို့အချင်းချင်းအကြား သင်ယူနိုင်ရန်၊   အာရှ-ဥရောပနိုင်ငံများမှ  လူငယ်များအချင်းချင်း အကြား ၎င်းတို့၏သက်ဆိုင်ရာ  ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အပြန်အလှန်မျှဝေ၍ နားလည်သဘောပေါက်လာစေရန်နှင့် အနာဂတ် ကာလ    ပူးပေါင်းဆောင်ရွက်မှုများ၏   အခြေခံအုတ်မြစ်များကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ အပိုင်း (၃)ပိုင်းဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး (၄.၈.၂၀၂၃)ရက်နေ့မှ (၂၈.၈.၂၀၂၃) ရက်နေ့အထိ ခေါင်းဆောင် မှုပညာနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ မြှင့်တင်ဆောင်ရွက် ခြင်းခေါင်းစဉ်အား Virtual စနစ်ဖြင့်လည်းကောင်း၊(၁၂.၉.၂၀၂၃)ရက်နေ့မှ (၁၆.၉.၂၀၂၃)   ရက်နေ့အထိ   လူငယ်တွေ့ဆုံပွဲအား စပိန်နိုင်ငံ Salamanca မြို့တွင်လည်းကောင်း၊ (၁၈.၉.၂၀၂၃) ရက်နေ့ မှ (၅.၁၂.၂၀၂၃)ရက်နေ့အထိ လက်တွေ့ဘဝတွင် ရင်ဆိုင်နေရသည့် ခေါင်းဆောင်မှုပညာဆိုင်ရာ စိန်ခေါ်မှုများကို   ဖြေရှင်းဆောင်ရွက် ခြင်းခေါင်းစဉ်အား Virtual စနစ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။


ပါဝင်လျှောက်ထားလိုသည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် (၉.၇.၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ https://asef.org/news/how-can-youth-lead-for-the-next-stage-of-society-society- 5-0-open-call-for-participants-for-the-5th-asef-young-leaders-summit-asefyls5/ သို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ် ပြီး  အသေးစိတ်သိရှိလိုပါက    asefyls@asef.org   သို့   ဝင်ရောက်  ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။          

လူငယ်ရေးရာဦးစီးဌာန