နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၆


နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့သည်  မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ  ဦးဆောင် သော    ကိုယ်စားလှယ်အဖွဲ့ကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ရှိ   အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌    လက်ခံတွေ့ဆုံပြီး       ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ ရပ်များကို      ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးကြသည်။


ဆက်လက်ကျင်းပ


ယင်းနောက်   နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP)   ကိုယ် စားလှယ်အဖွဲ့တို့သည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု       ဗဟိုဌာန အစည်းအဝေးခန်းမ၌   ဒုတိယ နေ့    ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။


တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေး  အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေး     ကောင်စီအဖွဲ့ဝင်    ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုး သား       စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် များ၊   မွန်ပြည်သစ်ပါတီ  (NMSP) ဒုတိယဥက္ကဋ္ဌ    နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်များဖြစ်ကြသည့်     နိုင်ဗညား လယ်နှင့်    နိုင်အောင်မငေးတို့ တက်ရောက်ကြသည်။


ရင်းနှီးပွင့်လင်းစွာဆွေးနွေး


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည် ထောင်စု   ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်    ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ   ကိစ္စရပ် များကို  ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။
 ထို့နောက် ယခင်ဆွေးနွေးပွဲ များမှရရှိသည့် သဘောတူညီချက် များကို      ဆက်လက်အကောင် အထည်ဖော်နိုင်ရန်   ပြန်လည် စုစည်း၍ သဘောတူညီချက်များ အဖြစ်   လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။ 


လက်ဆောင်ပစ္စည်းပေးအပ်


ဆက်လက်၍   မွန်ပြည်သစ် ပါတီ   (NMSP)   ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်    ငြိမ်းချမ်းရေး ဆွေးနွေးရေး   အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်   အမှာစကားပြောကြား ကြပြီး ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသော      ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာ၊    တိုင်းရင်းသား ရေးရာစာအုပ်များနှင့်လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်