အမေ့အပြုံးနှင့် အဖေ့မျက်ရည်(မြင်းမူမောင်နိုင်မိုး)

 

နေပြည်တော်   ဇူလိုင်  ၅
အမေ့အပြုံးသည် သန့်စင်သည်၊  အေးမြသည်၊   ကြည်လင်သည်။ ပြီးတော့    သားသမီးတို့အတွက် ခွန်အားဖြစ်စေသည်။      အမေ့ မျက်နှာသည်၊  ငြိမ်းအေးသည်၊ သိမ်မွေ့သည်၊       နူးညံ့သည်။ ပြီးတော့  သားသမီးတို့အတွက် အဆုံးမဲ့သောမေတ္တာရောင်ခြည် တို့ကို      ပေးလွှတ်နိုင်သည်။ ထို့ကြောင့် အမေသာ တစ်ခါပြုံး လျှင်ဖြင့် တစ်ကမ္ဘာလုံး လှနိုင် သည်ဟု စာရေးသူကညွှန်းဆို သည်။
ထို့အပြင်    ဆိုခဲ    ပြောခဲ ဖွင့်ဟခဲလှသော    မြိုသိပ်နိုင်စွမ်း ကြီးမားလှသော    အဖေတို့၏ ရင်ထဲတွင် စကားလုံးတွေ အနန္တ၊ ပြောချင်တာတွေ     အနတဂ္ဂမ ရှိလေသည်။         အဖေတွေမို့ မျက်ရည်     မကျခဲ့ဖူးဘူးဟူ၍ မထင်လိုက်ပါနှင့်   အမှန်စင်စစ် အဖေ့မျက်ရည်  တစ်စက်သည် ပင်လယ်ထက်ပင် ကျယ်လိမ့်မည် ဟုလည်း  ဖွဲ့ဆိုသည်။
သားသမီးတိုင်း    မိဘများကို ပိုမိုချစ်ခင်စေလိုသောစိတ်၊   ပိုမို လုပ်ကျွေးပြုစုလိုသော စိတ်များ၊ တစ်နည်းအားဖြင့်    မိဘများ၏ ကျေးဇူးကို    သိတတ်နားလည်သော သားသမီးများဖြစ်စေရန် ဆန္ဒဖြင့် အဖေ့အကြောင်းနှင့်       အမေ့ အကြောင်း ရေးဖွဲ့ထားသောကဗျာ ဆောင်းပါး ရသစာစုများပါ အပုဒ် ၂၀ ပါဝင်သည့်     ဤစာအုပ်ကို မြဝတီစာပေတိုက်    အမှတ်(၁၅) မိုးကောင်းလမ်း     မြဝတီမီဒီယာ စင်တာ(မြေညီထပ်)     ရန်ကင်း မြို့နယ်    ရန်ကုန်ဒေသကြီးက    ထုတ်ဝေဖြန့်ချိပြီး   မြဝတီစာပေ တိုက်နှင့်      နိုင်ငံ့ဂုဏ်ရည်စာပေ တိုက် (ဖုန်း- ၀၉-၉၇၃၆၅၃၆၂၅၊ ၀၉-၈၈၃၄၈၃၇၁၈၊ ၀၉-၆၇၂၇-၄၅၃၀၆)တို့တွင်   ဝယ်ယူရရှိနိုင် ကြောင်း သိရသည်။  

 သတင်းစဉ်