
ဘေရွတ် ဇူလိုင် ၅
လက်ဘနွန်နိုင်ငံ တောင်ပိုင်း တွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်း ရေးကို ထူးချွန်ပြောင်မြောက် စွာ ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် (၂၁) ကြိမ်မြောက် လက်ဘနွန်နိုင်ငံ ဆိုင်ရာ တရုတ်ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့မှ အဖွဲ့ဝင် ပေါင်း ၄၁၀ ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးဆုတံဆိပ်များ ဇူလိုင် ၄ ရက်က ချီးမြှင့်ခဲ့သည်။
ဆုတံဆိပ်ပေးအပ်ပွဲ အခမ်း အနားကို လက်ဘနွန်တောင်ပိုင်း ဟန်နီရာကျေးရွာရှိ တရုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးစခန်း ၌ ကျင်းပခဲ့သည်။ တရုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ သည် လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
(၂၁) ကြိမ်မြောက် တရုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ တွင် ဘက်စုံသုံးအင်ဂျင်နီယာ တပ်ခွဲ၊ ဆောက်လုပ်ရေး အင်ဂျင် နီယာတပ်ခွဲ၊ ဆေးတပ်ခွဲတို့ ပါဝင် ပြီး ၂၀၂၂ ခုနှစ်မှစကာ ကုလသမဂ္ဂ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ယခုအချိန်အထိ တရုတ် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ သည် မိုင်းနယ်မြေပေါင်း ၈၄၀၀ စတုရန်းမီတာကျော် ရှင်းလင်းနိုင် ခဲ့ပြီး မြေမြုပ်မိုင်း ၁၄၀၀ ကျော် ကိုလည်း ဖယ်ရှားလင်းရှင်းနိုင်ခဲ့ သည်။ အရည်အသွေးပြည့်မီသည့် တည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၀၀ ခန့်ကိုလည်း ပြုလုပ်နိုင်ခဲ့ သည်။ ထို့အတူ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ဒေသခံ ပေါင်း ၃၀၀၀ ကျော်ကိုလည်း ဆေးဘက်ဆိုင်ရာ ကုသမှုများပေး ခဲ့သည်။
ထို့ပြင် ယဉ်ကျေးမှုဖလှယ်မှု ပေါင်း ၂၀ ကျော်ကိုလည်းပြုလုပ်ခဲ့ သည်။ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်ပေါင်း ၇၀၀၀ ကျော်ကို ၂၀၀၈ ခုနှစ်ကတည်းက လက်ဘနွန်နိုင်ငံသို့ စေလွှတ်ခဲ့ သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ သည် လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေးကို စောင့်ကြည့်ရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ကို ၁၉၇၈ ခုနှစ် မတ် ၁၉ ရက်က စတင်တည် ထောင်ခဲ့သည်။
ဆင်ဟွာ