
နေပြည်တော် ဇူလိုင် ၅
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ နနွင်း၊ ဆီးဖြူသီးခြောက်၊ မန်ကျည်းသီး (အစေ့ပါ)၊ ရေထွက် ကုန်များဖြစ်သည့် ကဏန်းအရှင်၊ သဲကဏန်း၊ ငါးပါးလျှပ်၊ ငါးခွေးလျှာ နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား အမျိုးသမီးအဝတ်အထည်များ တင်ပို့ခဲ့သည်။
ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများအား တွင်ကျယ် စွာ ဆောင်ရွက်လာမှုကြောင့် စားသောက်ကုန်ပစ္စည်းများ ဝယ်လိုအား မြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့သည်။
အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ မန်ကျည်းသီး(အစေ့ပါ)၊ နနွင်း၊ ဆီးဖြူသီး ခြောက်၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။
ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန် များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို အမြန်တင်ပို့နိုင် ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေး ကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးပစ္စည်း၊ Packing Material ၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်း၊ ငါးဖမ်းပစ္စည်း၊ အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ LPG (ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။
ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာ Garment ၊ စားသောက်ကုန်၊ ဆောက်လုပ်ရေး လုပ်ငန်း သုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းတို့ ဖြစ်သည်။ ဒေသငွေစျေးနှုန်းအနေဖြင့် တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၈၇ ဒသမ ၃၄ ကျပ်ဖြစ်သည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီ ၁ ရက်မှ ဇူလိုင် ၃ ရက်အထိ) အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၁၄၈ ဒသမ ၀၇၂ ကန်ဒေါ်လာသန်း၊ သွင်းကုန် ၃၃၂ ဒသမ ၄၄၄ ကန်ဒေါ်လာသန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ၄၈၀ ဒသမ ၅၁၆ ကန်ဒေါ်လာသန်းဖြစ်သည်။