(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် အများပြည်သူအား ဖွင့်လှစ်ပြသရန် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်   ဇူလိုင်   ၅


(၇၆)နှစ်မြောက် အာဇာနည်နေ့တွင်  အများပြည်သူ အား   ဖွင့်လှစ်ပြသမည့်   ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး   (ယခင်ဝန်ကြီးများရုံး)    ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို    ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများက  သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။


ကြည့်ရှုစစ်ဆေး


ထိုသို့ ကြည့်ရှုစစ်ဆေးရာ အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)၏ပြတိုက်အတွင်း ခေတ်အဆက်ဆက် ပြသထားသောအလံများ၊ နိုင်ငံခေါင်းဆောင်များ၏ဓာတ်ပုံများနှင့် ၎င်းတို့၏ ထေရုပတ္တိများ၊ နိုင်ငံတော် မှထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ ပြသထားရှိမှု၊ ပြတိုက်ရှေ့တွင် အာဇာနည်ခေါင်းဆောင် ကြီးများကျဆုံးခဲ့သည့်အမည်များကို ကမ္ပည်းရေးထိုး ပြီး ကျောက်တိုင်စိုက်ထူထားသည့် အမှတ်တရနေရာ၊ လွှတ်တော်ကျင်းပသည့်အခန်း၊ ဓာတ်ပုံများ ပြသ ထားရှိမှု၊  အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံး ခဲ့သည့် အစည်းအဝေးပြုလုပ်သည့်အခန်းနှင့် အတွင်း ဝန်ရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက    ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။


ပြင်ဆင်ဆောင်ရွက်ထား


ရှင်းလင်းတင်ပြချက်များနှင့်      စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အတွင်းဝန်ရုံးအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်   လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရန်မှာကြားသည်။


လိုအပ်သည်များ မှာကြား


ဆက်လက်၍ တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် အဖွဲ့သည်    ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးတွင် (၇၆) နှစ်မြောက်  အာဇာနည်နေ့ ဆွမ်းဆက်ကပ်ရေးနှင့်         ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီမှ    ကျဆုံးလေပြီးသော     အာဇာနည် ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းဆက်ကပ် ခြင်း၊   အလှူဒါနပြုအမျှပေးဝေခြင်း   အခမ်းအနား ကျင်းပနိုင်ရေး      ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က     လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)