အဂတိလိုက်စားမှုကို လူငယ်များအနေဖြင့်တိုက်ဖျက်ရန် ပထမဦးစွာဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်

 

နေပြည်တော်   ဇူလိုင်   ၅


ကျောင်းသားလူငယ်   ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး  ပညာ ပေးအစီအစဉ်ကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်   ဒက္ခိဏသီရိ မြို့နယ်ရှိ အမှတ် (၁၈)  အခြေခံ ပညာ      အထက်တန်းကျောင်း၌ ကျင်းပသည်။


အဆိုပါ    အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်  ဥက္ကဋ္ဌ   ဒေါက်တာ ဌေးအောင် တက်ရောက်၍ အဂတိ လိုက်စားမှုကို  လူငယ်များအနေ ဖြင့်   တိုက်ဖျက်ရန်   ပထမဦးစွာ ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာ တည်ဆောက်ရမည်     ဖြစ်ကြောင်း၊ ဖြောင့်မတ်      တည်ကြည်မှုနှင့်     အဂတိလိုက်စားမှုသည် တိုက်ရိုက်    ဆက်နွှယ်နေသည့်    အတွက်   ဖြောင့်မတ်တည်ကြည်မှု   မြင့်မား လာပါက အဂတိလိုက်စားမှုလည်း    လျော့နည်း     ကျဆင်းသွားနိုင်ပါ ကြောင်း။


ထို့ကြောင့်   မျိုးဆက်သစ် လူငယ်များကို       ဖြောင့်မတ် တည်ကြည်မှုရှိသည့် လူမှုအသိုက် အဝန်းဖြစ်လာအောင်      ပြုစု ပျိုးထောင်ပေးရမည်   ဖြစ်ကြောင်း၊ ဖြောင့်မတ်   တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာ ရန်    လူငယ်တို့၏     ပညာရေး ကဏ္ဍဖြစ်သည့် စာသင်ကျောင်း များကနေ   စတင်ရပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့်အပြုအမူ၊   စဉ်းစားတွေးခေါ်မှု နှင့်   ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက  စနစ်တကျ လေ့ကျင့်    ပျိုးထောင်ပေးရန် လိုကြောင်း၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ   လူငယ် စကားဝိုင်းများကို ယခုစာသင်နှစ် ဇွန်လမှစတင်ပြီး  နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာများကို  သိရှိနား လည်ပြီးပါက ရရှိလာသည့် အသိ ပညာ ဗဟုသုတများကို    မျှဝေပေး စေလိုကြောင်း ပြောကြားသည်။ 


ထို့နောက်   ကော်မရှင်ဥက္ကဋ္ဌ က အမှတ်  (၁၈)  ဒက္ခိဏသီရိ ကျောင်းအုပ်ကြီးထံ  ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေးအစီအစဉ်      အခြေခံပညာ အလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ်၊ ကော်မရှင်မှပြုစုထုတ်ဝေ ခဲ့သည့်       လက်ကမ်းစာစောင် သုံးမျိုးနှင့်     ကော်မရှင်အမှတ် တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ယင်းနောက်  အသိပညာပေး ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ မှတာဝန်ရှိသူများက မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို   ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေးအစီအစဉ်  အခြေခံပညာမူလ တန်းနှင့်   အလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ်များမှ သင်ခန်း စာအချို့ကို       ကောက်နုတ်၍ သင်ကြားပို့ချကြသည်။


“အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည်     ပညာရေး ဝန်ကြီးဌာနနှင့်      ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊     အဂတိ လိုက်စားမှုကို တွန်းလှန်တိုက်ဖျက် လိုစိတ်ရှိသည့်     လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊    အများ အကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ် ကျိုးရှာခြင်းတို့ကြား      ခွဲခြား တွေးတောသည့် အခြေခံစဉ်းစား တွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင် ရေး  ပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာအဆင့် (မူလ တန်းနှင့် အလယ်တန်း) အဆင့် များမှစတင်၍     အသိပညာပေး အကောင်အထည်ဖော်     ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။    


သတင်းစဉ်