ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း China-ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနား တက်ရောက်

 

နေပြည်တော်   ဇူလိုင်   ၅


တရုတ်ပြည်သူ့သမ္မတနိုင်ငံ        ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌  ကျင်းပလျက်ရှိသော China- ASEAN Forum on Emerging Industry သို့ တက်ရောက်နေ သည့်   စက်မှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင်  Parallel Forum ဖြစ် သော   China - ASEAN   Sub-Forum  on  NEV Industry Cooperation အခမ်းအနားသို့ တက်ရောက် သည်။


ရှင်းလင်းဆွေးနွေး


ဆွေးနွေးပွဲ၌   တရုတ်  - အာဆီယံ စက်မှုဝန်ကြီး များအနေဖြင့်  ပူးပေါင်းဆောင်ရွက်မှုများကို   လိုက်ပါ ဆောင်ရွက်သွားခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွင် လိုအပ် သော ထွန်းသစ်စ စက်မှုလုပ်ငန်းများအတွက် အခြေခံ ကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊  လျှပ်စစ်ကား များတွင် လိုအပ်သော  Charging Station များနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ  အသုံးပြုနိုင်ရေးအတွက် အသိပညာမျှဝေခြင်းများနှင့်      လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင်လည်း  ကောင်းမွန် သော ဝန်ဆောင်မှုများပေး၍  ဆောင်ရွက်နေကြောင်း နှင့်  လျှပ်စစ်ကားများအတွက်  လက်ရှိစီမံဆောင်ရွက် နေမှုအခြေအနေများကို    ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက      လိုအပ်သည့် နည်းပညာနှင့်  ပံ့ပိုးမှုများ   ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း   ရှင်းလင်းဆွေးနွေးကြ သည်။


အကျယ်တဝင့် လေ့လာသိရှိခဲ့ရ


အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာဆီယံနိုင်ငံများ၏   လျှပ်စစ်အသုံးပြုမော်တော် ယာဉ်များ (EV) အတွက် နှစ်ရှည်စီမံချက်များ ရေးဆွဲ ဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ တင်ပို့ရောင်းချမှုသည်    ကမ္ဘာတွင်   ပထမအဖြစ် ရပ်တည်နေမှုအခြေအနေ၊   Charging Station များ တည်ဆောက်မှုနှင့်    Charging   ဆောင်ရွက်မှု နည်းပညာရပ်များကို   အကျယ်တဝင့်   လေ့လာ သိရှိခဲ့ရကြောင်း သတင်းရရှိသည်။      

သတင်းစဉ်