အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (Myanmar) နှင့် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဇူလိုင်   ၅
အလုပ်သမားဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်     ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  တိုင်းရင်းသားရေးရာဝန်ကြီး၊   တာဝန်ရှိသူများနှင့်အတူ     သင်္ဃန်းကျွန်းမြို့နယ်ရှိ   Center  for  Vocational  Training (Myanmar)    သို့   ရောက်ရှိပြီး   လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နေသော   မြန်မာလူငယ်များကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရပ်များ   သင်ယူလေ့လာနိုင်ရန်နှင့်   လူငယ်များ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုစွမ်းရည် များ    တိုးတက်စေရေးအပြင် အသိပညာ အတတ် ပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ် ပို့ချသော    အသက်မွေးဝမ်းကျောင်းသင်တန်းများ တွင်   လက်တွေ့သင်ကြားမှုဆိုင်ရာ  သရုပ်ပြခြင်းကို   လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
 ပြင်ဆင်ဆောင်ရွက်ထားရှိ
ကြည့်ရှုစစ်ဆေးစဉ်    ပြည်ထောင်စုဝန်ကြီးက CVT Myanmar အနေဖြင့် လုပ်ငန်းခွင်တွင် အသုံးချနိုင် ရန် ဘာသာရပ်ဆိုင်ရာ ပညာရပ်များအပြင် လက်တွေ့ ကျသော   သက်မွေးပညာရပ်များကို    ပေါင်းစပ် သင်ကြားပေးသည့်   သင်တန်းများ   ဖွင့်လှစ်ပို့ချပေး ခြင်းဖြစ်၍   လုပ်သားထုအတွက်   များစွာအကျိုးရှိ ကြောင်းနှင့်  CVT Myanmar အနေဖြင့်  နားလည်မှု စာချွန်လွှာသက်တမ်းမကုန်ဆုံးမီ  နားလည်မှုစာချွန် လွှာပါ အချက်အလက်များအတိုင်း   ပြင်ဆင်ဆောင် ရွက်ထားရှိရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်မြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း (ရန်ကင်း) သို့ ရောက်ရှိရာ သင်တန်းကျောင်း တာဝန်ခံက သင်တန်းကျောင်း၏   လုပ်ငန်းဆောင် ရွက်ချက်များနှင့် သင်တန်းဆောင်များ တည်ဆောက် ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ 
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်မှုသင်တန်းများကို ဒေသလိုအပ်ချက်နှင့် အညီ စဉ်ဆက်မပြတ်  ဖွင့်လှစ်ပို့ချနိုင်ရေး၊  သင်တန်း ဆင်းများ     အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် သင်တန်းများ၏  အရည်အသွေး အာမခံချက်ရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့်  သက်ဆိုင်ရာ  ဌာန၊ အဖွဲ့အစည်းများနှင့်  ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ရန် မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် တိုင်းဒေသကြီး    ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်  ပူးပေါင်းဖွင့်လှစ်သော လေအေးပေးစက်  တပ်ဆင်/ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်  (၂/၂၀၂၃) ၌  တက်ရောက်နေသည့် သင်တန်းသား  ၂၀ အား  လက်တွေ့လေ့ကျင့်သင်ကြား နေမှုကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး  ယခု ကဲ့သို့   သင်ယူမှုအခွင့်အလမ်းများ  ရရှိနေချိန်တွင် သင်တန်း သားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ် ပညာများကို စနစ်တကျ ကြိုးစားသင်ယူရန်၊ လုပ်ငန်းခွင်တွင်လည်း  လုပ်ငန်းဆိုင်ရာ  အသိပညာ ဗဟုသုတများကို   ဆက်လက်လေ့လာသွားရန်နှင့်  သင်တန်းသားများ   သင်တန်းပြီးဆုံးပါက   အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ   ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး  ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် မှု     ခံယူနိုင်သည့်    အခွင့်အလမ်းများရှိသဖြင့် ဝင်ရောက်ဖြေဆိုရန် တိုက်တွန်းပြောကြားပြီး သင်တန်း ကျောင်း ရုံးအဆောက်အဦနှင့်  သင်တန်းခန်းမများကို အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။      
သတင်းစဉ်